0

Determiners Part I (Sayar Ar kar)

Determiners Part I

👉 Determiner အကြောင်း ( အပိုင်း ၁ ) 👈
❤❤❤❤❤❤❤❤❤❤❤❤❤❤

🤔 Determiner ဆိုတာ ဘာလဲ?

✍ Determiner ဆိုတာ Noun ရဲ့အဓိပ္ပါယ် (သို့) အဆင့်
အတန်းကို သတ်မှတ်ပေးတဲ့စကားလုံး။ Noun ရဲ့ရှေ့
မှာ အမြဲတမ်းသုံးတယ်။ Noun နောက်မှာ ဘယ်တော့
မှ မရေးဘူး။

Determiners တွေကို အမျိုးအစားခွဲရရင် အောက်ပါ

အတိုင်း တွေ့နိုင်ပါတယ်။

💎 Articles
💎 Demonstrative determiners
💎 Possessive determiners
💎 Distributive determiners
💎 Interrogative determiners
💎 Cardinal numbers
💎 Ordinal numbers
💎 Quantifiers

👉 Articles – a , an , the 👈

✍ Articles တွေက Determiners တွေထဲမှာတော့ အ
သုံးအများဆုံးပါပဲ။ Articles သုံးခု ရှိတယ် [ a , an ,
the ] ကျွန်တော်တို့ဟာ Noun တစ်ခုနှင့်ပတ်သက်ပြီး
ပြောဆိုတဲ့အခါ အဲဒီ Noun ကို ” သီးခြားခွဲထုတ်ကာ
ပြောသလား ၊ မပြောဘူးလား ” ( သို့ ) ကျွန်တော်တို့
ပြောဆိုလိုက်တဲ့ Noun ဟာ “တိကျသေချာမှု ရှိလား၊
မရှိဘူးလား” စသည်ကို ကျွန်တော်တို့ အသုံးပြုလိုက်
တဲ့ Articles တွေက ဆုံးဖြတ်ပေးပါတယ်။ ဘယ်လို
ဆုံးဖြတ်ပေးလဲ ဆိုတာကို အောက်တွင် ဥပမာပေး၍
ရှင်းပြပါမယ်။ Articles ကို ၂မျိုး ခွဲခြားထားတယ်။

💎 Indefinitive Article ( a , an ) နဲ့
💎 Definitive Article ( the ) ဆိုပြီး ၂ မျိုး ခွဲတယ်။

👉 Indefinite Article (တိကျသေချာမှုကို မဖော်ပြနိုင်
သော Article ) ===> a , an

ဆိုလိုတဲ့သဘောက ကျွန်တော်တို့ Noun တစ်ခုကို
သာမန်ရှုထောင့်တစ်ခုမှ ပြောတယ်ဆိုပါစို့။ အဲဒီ အ
ခြေအနေမျိုးကို ဖော်ပြချင်ရင် a/an ကို သုံးတယ်။
ဥပမာ __

❤ A dog has a tail. ( ခွေးဆိုတာ အမြှီးပါတယ်။ )

✍ ဒီဥပမာမှာ ဖော်ပြပါစာကြောင်းက ခွေးနှင့်ပတ်သက်
ပြီး ယေဘုယျဆန်ဆန် ပြောဆိုခြင်း ၊ သာမန်ပြောဆို
လိုက်ခြင်းဖြစ်ပါတယ်။A ကို အသုံးပြုလိုက်ခြင်းဖြင့်
A dog ဆိုတဲ့ အဓိပ္ပါယ်က ပိန်သောခွေး၊ ဝသောခွေး၊
ကြီးသောခွေး၊ ငယ်သောခွေး၊ လမ်းဘေးခွေး၊ သူဌေး
ခွေး စသည် ဘယ်လိုခွေးပဲ ဖြစ်ပါစေ ခွေးအားလုံးကို
ဆိုလိုလိုက်ခြင်း ဖြစ်ပါတယ်။ A tail ဆိုတဲ့ အဓိပ္ပါယ်
ကလည်း ထို့နည်းတူပါပဲ။ A ကို အသုံးပြုလိုက်ခြင်း
က မည်သည့်ခွေးတွင်မဆို အမြှီးပါတယ်လို့ ဆိုလိုတဲ့
သဘော သက်ရောက်သွားတယ်။
ဒီစာကြောင်းမှာ the ကို အသုံးပြုမယ်ဆိုရင်တော့ မ
ဆီလျော်ပါဘူး။ The ကို အသုံးပြုခြင်းက သီးခြားခွဲ
ထုတ်၍ ပြောဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်တယ်။
သီးခြားခွဲထုတ်ပြီး ပြောတယ်ဆိုတာက the ကို သုံး
လိုက်ရင် [ ပိန်တဲ့ခွေးတွေက အမြှီးပါတယ်။ ဝတဲ့ခွေး
တွေက အမြှီးမပါဘူး။သူဌေးခွေးတွေက အမြှီးပါပြီး
လမ်းဘေးတွေက အမြှီးမပါဘူး။] ဒီသဘောကို သက်
ရောက်သွားပါလိမ့်မယ်။

❤ A teacher teaches in school.
ဆရာ/မ ဆိုတာ ကျောင်းမှာ စာသင်ပါတယ်။

✍ ဒီမှာလည်း ဖော်ပြပါစာကြောင်းက ဆရာ/မ နှင့်ပတ်
သက်ပြီး သာမန်ရှုထောင့်မှ ပြောဆိုခြင်းဖြစ်ပါတယ်။
A ကို အသုံးပြုလိုက်ခြင်းအားဖြင့် A teacher ဆိုတဲ့
အဓိပ္ပါယ်က ကျောင်းတွင်ရှိသော မည်သည့်ဆရာ/မ
မဆို စာသင်ကြတယ်လို့ ဆိုလိုတဲ့သဘောပါ။
ဒီလိုစာကြောင်းမျိုးကိုဖော်ပြတဲ့အခါမှာ The ကို သုံး
မယ်ဆိုရင်တော့ မဆီလျော်ဘူးလို့ ယူဆမိပါတယ်။
နောက်ပြီး ဒီဝါကျမှာ [ in school ] ဆိုတဲ့ အသုံးနှင့်
ပတ်သက်ပြီး school ရဲ့ရှေ့မှာ Determiner ဘာ
ကြောင့် မပါသလဲဆိုတဲ့အကြောင်း အနည်းငယ် ရှင်း
ပြပါမယ်။

❤ He goes to school. [ သူ ကျောင်းသွားတယ်။ ]

✍ ဒီဝါကျမှာ to school ဆိုတဲ့ အရေးအသားကြောင့်
He ဆိုတာ ကျောင်းသားကို ဆိုလိုမှန်း သိသွားတယ်။
ကျောင်းသားဖြစ်လို့ ကျောင်း သွားတယ်။ ဘာလုပ်ဖို့
သွားတာလဲ။ စာသင်ဖို့ သွားတာ။ မထူးဆန်းဘူး။

❤ He goes to the school.[သူ ကျောင်းသွားတယ်။]

✍ ဒီဝါကျမှာကျတော့ to the school လို့ ရေးသွားပါ
တယ်။ ဒီအရေးအသားကြောင့် He က ကျောင်းသား
မဖြစ်နိုင်ဘူး။ ကျောင်းသားရဲ့အဖေ၊ ဦးလေး၊ အစ်ကို
တစ်ဦးဦး ဖြစ်နိုင်တယ်။ ကျောင်းသား မဟုတ်ဘူး ဆို
တာတော့ သေချာတယ်။ ကျောင်းကို ဘာလုပ်ဖို့ သွား
တာလဲ။ ကိစ္စရှိလို့ သွားတာ။ စာသင်ဖို့တော့ မဟုတ်
ဘူး။
ဒါဆို A teacher teaches in school. ဆိုတဲ့ ဝါကျ
မှာ in the school (သို့) in a school လို့ မသုံးတာ
ဘာကြောင့်လဲ စဉ်းစားတတ်လောက်ပြီ ထင်ပါတယ်။

✍ ဒီနေရာမှာ ကြုံတုန်း a/an အသုံးပြုပုံကို တခါတည်း
ပြောပါရစေ။ လိုအပ်သူများအတွက် မှတ်သားဖို့ရန်
ရည်ရွယ်ပါတယ်။

a = တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်
an = တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်

🤔 a နဲ့ an ကို ဘယ်လို ခွဲခြားသုံးရမလဲ ?????

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ a နဲ့ an အသုံးပြု

ပုံကို ဒီလို မှတ်သားခဲ့ရဖူးပါတယ်။

စကားလုံးကို a,e,i,o,u နဲ့ စထားရင် an ကို သုံးရမယ်
စကားလုံးကို a,e,i,o,u နဲ့ မစထားရင် a ကို သုံးရမယ်

ငယ်ငယ်တုန်းကတော့ ဒီလိုမှတ်သားနည်းဟာ အဆင်
ပြေခဲ့ပေမယ့် အတန်းကြီးလာတဲ့အခါမှာ အဆင်မပြေ
တော့ဘူး။ ကြုံတွေ့ရတဲ့စကားလုံးတွေ များလာပြီ။

a,e,i,o,u နဲ့ စထားသော်လည်း a ကို သုံးတာတွေ
a,e,i,o,u နဲ့ မစထားသော်လည်း an သုံးတာတွေ ကို
တွေ့လာရတဲ့အခါ မှတ်သားနည်းကို ပြောင်းဖို့ လိုအပ်
လာပါပြီ။။
တကယ်တော့ အသံထွက်မှန်အောင် သင်ကြားပေးမှု
အားနည်းခဲ့လို့ပါ။ အသံထွက်ကို နားထောင်ပြီး a/an
ဘာသုံးရမလဲ ဆုံးဖြတ်တဲ့နည်းကို သင်ပေးခဲ့ရင်တော့
ပြဿနာ မရှိပါဘူး။ ဒါကြောင့် စာသင်ကြားပေးမယ့်
ဆရာ/မတို့ အနေနဲ့ အသံထွက်တွေကို ဂရုတစိုက်လေ့
လာမှတ်သားပြီး သင်ကြားပေးကြပါလို့ အကြံပြုပါရ
စေ။ စေတနာ ရှေ့ထားပြီးပြောတာပါခင်ဗျာ။

a/an ဘာသုံးမလဲ စဉ်းစားဖို့ အသံထွက်ကို နားထောင်
ပါ။

စကားလုံးရဲ့အသံက “ဗျည်းသံ” ထွက်ရင် a ကို သုံးပြီး

“သရသံ” ထွက်ရင် an ကို သုံးပါ။

မြန်မာစာမှာ ဗျည်း/သရ စသည်တို့ကို သင်ရပါတယ်။
ု သရ သံ ဆိုတာ ” အ ” သံ ထွက်တဲ့ အသံတွေကို ဆိုလို
မှန်း သိလောက်မယ်ထင်ပါတယ်ခင်ဗျာ။ ဥပမာ _

  1. apple အဲ့ပဲ(လ်) ပန်းသီး
  2. arrow အဲရိုး မြား
  3. orange အော့ရင့်(န်ဂျ်) လိမ္မော်သီး
  4. angel အိန်ဂျယ် နတ်သား
  5. umbrella အမ်ဘရဲလား ထီး

အဲဒီစကားလုံးတွေရဲ့ စထွက်တဲ့အသံတွေကို နားထောင်
ကြည့်ပါ။ ” အ ” နဲ့ စတဲ့အသံတွေကြည့်ပဲ။ ဒါကို သရသံ
လို့ ခေါ်တယ်။ ဒါကြောင့် သရသံ ဆိုတာကို အလွယ်ဆုံး
ပြောရရင် ” အ ” အသံ ပါပဲ။

“သရသံ” ထွက်လို့ ရေးတဲ့အခါ an ကို သုံးပါ။

an apple ပန်းသီးတစ်လုံး
an arrow မြားတစ်ချောင်း
an orange လိမ္မော်သီးတစ်လုံး
an angle နတ်တစ်ပါး
an umbrella ထီးတစ်ချောင်း

  1. hour အပ်ဝါ အချိန်နာရီ
  2. honest အောနက်(စ်ထ်) ရိုးသားသော

သူတို့ကို a,e,i,o,u နဲ့ စထားတာမဟုတ်ပါဘူး။ သို့သော်
လည်း စထွက်တဲ့အသံက “သရသံ” ဖြစ်နေတဲ့ အတွက်
ရေးတဲ့အခါ ” a ” ကို မသုံးဘဲ ” an ” ကို သုံးရပါမယ်။

an hour တစ်နာရီ
an honest man ရိုးသားသောလူတစ်ယောက်

တစ်ချို့စကားလုံးတွေကျတော့လည်း a , e , i , o , u နဲ့
စထားပေမယ့် an ကို မသုံးဘဲ a ကို အသုံးပြုရတာတွေ
လည်း ရှိတယ်။ အဓိက က အသံထွက်ကို နားထောင်ပြီး
ရေးဖို့ပဲ။ ဥပမာ __

  1. unit ယူနစ် ယူနစ်
  2. university ယူနီဗာ့ဆစ်တီ တက္ကသိုလ်
  3. uniform ယူနီဖော(မ်) တူညီဝတ်စုံ

အဲဒီစကားလုံးတွေရဲ့ စထွက်တဲ့အသံတွေကို နားထောင်
ကြည့်ပါ။ သရသံတွေ မဟုတ်ဘူး။ ဗျည်းသံတွေ ဖြစ်ပါ
တယ်။ ဒါကြောင့် ရေးတဲ့အခါ an ကို မသုံးဘဲ a ကို သုံး
ပါ။

a unit ယူနစ်တစ်ခု
a university တက္ကသိုလ်တစ်ခု
a uniform ယူနီဖောင်းတစ်စုံ

❤ ဒါက a/an အသုံးပြုပုံကို ကြုံတုန်း တခါတည်း ရှင်း
ပြသွားတာ ဖြစ်ပါတယ်။

👉 Definite Article ( တိကျသေချာမှုကို ဖော်ပြသော
Article ) ====> the

The နှင့်ပတ်သက်ပြီး အသုံးပြုပုံတွေက တော်တော်
များတယ်။ အပေါ်ပိုင်းမှာတော့ အနည်းငယ် ရှင်းပြခဲ့
ပြီးဖြစ်လို့ အကြမ်းဖျင်းတော့ သိလောက်ပါပြီ။ အခု
The အသုံးပြုပုံ အသေးစိတ်ကို ကျွန်တော်လေ့လာ
ထားခဲ့ပြီးသလောက် ဖော်ပြပေးပါမယ်။
The ကို Definite Article လို့ ခေါ်တယ်။ Definite
Article ဆိုတဲ့ အဓိပ္ပါယ်က ဝါကျတစ်ကြောင်းမှာ
ကျွန်တော်တို့ ပြောဆို အသုံးပြုလိုက်တဲ့ Noun နှင့်
ပတ်သက်ပြီး အဲဒီ Noun ကို သီးခြား သတ်မှတ်ပြီး
ပြောချင်ရင် ( သို့ ) တိတိကျကျ ပြောချင်တဲ့ အခြေ
အနေမျိုးတွေမှာဆိုရင် the ကို သုံးလေ့ရှိကြတယ်။
ဆိုလိုတဲ့သဘောက ကျွန်တော်တို့ [ လူတစ်ယောက် ]
အကြောင်းပြောကြတယ်ဆိုပါစို့။ အဲဒီလူကို ပြောတဲ့
ကျွန်တော်လည်း သိတယ်။ နားထောင်မယ့်သူလည်း
သိတယ်ဆိုရင် the ကို သုံးတယ်။ ဥပမာ _

❤ The man who is standing at the gate is my
father.
ဂိတ်ပေါက်မှာ မတ်တပ်ရပ်နေတဲ့လူက ငါ့အဖေလေ။

✍ ဖော်ပြပါစာကြောင်းမှာ ( man , gate ) စတဲ့ Noun
တွေကို the နဲ့ သုံးပြီးရေးသွားတယ်။ ဘာကြောင့်လဲ
ဆို ကျွန်တော်ရော ကျွန်တော်ပြောတာကို နားထောင်
နေတဲ့သူရောနှစ်ယောက်လုံးက ဘယ်သူ့ကို ပြောတာ
လဲဆိုတာ သိသလို၊ ဘယ်ဂိတ်ပေါက်ကို ဆိုလိုတာလဲ
ဆိုတာလဲသိတယ်။ ကျွန်တော်တို့မျက်စိရှေ့မှာ ရှိနေ
တဲ့ ဂိတ်ပေါက်။ ပြီးတော့ အဲဒီဂိတ်ပေါက်မှာ လူတစ်
ယောက်တည်း ရှိနေတယ်။ ဒါကြောင့် ဒီအခြေအနေ
ကို ဖော်ပြဖို့ The ကို အသုံးပြုမှသာသင့်လျော်မယ်။
ပိုပြီး နားလည်အောင် နောက်ထပ်ဥပမာ ပေးပါအုန်း
မယ်။

✍ ကျွန်တော်တို့ ( အရာဝတ္ထုတစ်ခု ) အကြောင်း ပြော
တယ်ဆိုပါစို့။ ကျွန်တော်ပြောပြမယ့် အရာဝတ္ထုကို
ကျွန်တော်ကိုယ်တိုင်လည်း တိတိကျကျသိနေသလို၊
ကျွန်တော်ပြောတာကို နားထောင်မယ့်သူ (သို့) ကျွန်
တော်ရေးတာကို ဖတ်မယ့်သူကိုယ်တိုင်လည်း တိတိ
ကျကျ သိတယ်ဆိုရင် Definite Article “The” ကို
သုံးပြီး ရေးရပါမယ်။ ဥပမာ ______

❤ The moon revolves around the earth.
လက ကမ္ဘာကို လှည့်ပတ်နေတယ်။

✍ ဒီဝါကျမှာပါရှိတဲ့ (moon , earth) စတဲ့ Noun တွေ
ကို ဖော်ပြဖို့ Definite Article “The” ကို အသုံးပြု
သွားပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ပြော
ပြတဲ့ ( လရော ၊ ကမ္ဘာရော ) နှစ်ခုစလုံးကို စာဖတ်သူ
ကိုယ်တိုင်လည်း သိသလို ကျွန်တော်လည်း သိတယ်။
ဘယ်အရာတွေကိုပြောတယ်ဆိုတာ လက်ညိုးထိုးပြ
နေစရာမလိုအောင် ရှင်းပြီးသား။ ဒါကြောင့် ဒီအခြေ
အနေကို ဖော်ပြချင်ရင် ” The ” ကို အသုံးပြုပြီး ရေး
မှသာ ဆီလျော်ပါမယ်။ ဒီအနန္တစကြဝဠာထဲမှာ ( လ )
တွေ မရေမတွတ်နိုင်လောက်အောင်ကို အများကြီးရှိ
တယ်။ဒါပေမယ့် ကျွန်တော် အခုပြောတဲ့ လ က ကျွန်
တော်တို့ကမ္ဘာကို ပတ်နေတဲ့ လ။ လ တွေ အများကြီး
ရှိတဲ့ထဲကမှ ကျွန်တော်တို့ ကမ္ဘာကို ပတ်နေတဲ့ လ ကို
ပဲ သီးခြားခွဲထုတ်ပြီး ပြောသွားတယ်။ ဒါကို သီးခြား
သတ်မှတ် ပြောဆိုခြင်း ( သို့ ) တိတိကျကျ ပြောဆို
ခြင်းလို့ ဆိုလိုပါတယ်ခင်ဗျာ။ ဒါကတော့ Definite
Article “The” နှင့် ပတ်သက်ပြီး အသုံးပြုတဲ့ အယူ
အဆ တစ်ခုပါ။နောက်ထပ် The ကို အသုံးပြုရမယ့်
ယူဆချက်တွေများစွာ ရှိပါသေးတယ်။
ဆက်လက်ဖော်ပြပါအုန်းမယ်။

💎 တစ်ကြိမ်ဖော်ပြပြီးတဲ့ လူ၊အရာဝတ္ထုတွေကို နောက်
ထပ် ထပ်ပြီးဖော်ပြချင်တဲ့အခါ The ကိုသုံးရတယ်။

E.g I saw a girl in the park. ( First mention )
The girl was crying. ( Second mention )
ပန်းခြံထဲမှာ ကောင်မလေး ၁ ယောက်ကို ကျွန်တော်
တွေ့ခဲ့တယ်။ အဲဒီကောင်မလေး ငိုနေတယ်။

✍ ပြောသူရော နားထောင်သူရော နှစ်ယောက်လုံးသိတဲ့
ပန်းခြံ ။ တနည်းအားဖြင့် အဲဒီမြို့မှာ ပန်းခြံဆိုလို့ အဲ
တစ်ခုပဲ ရှိတယ်ဆိုပါစို့။ ဒီတော့ ပန်းခြံလို့ ပြောလိုက်
တာနဲ့ ဘယ်ပန်းခြံကို ပြောတာလဲဆိုတာ ရှင်းတယ်။
တိကျတယ်။ဒါကြောင့် ( the park ) လို့ ရေးတယ်။
ဒါပေမယ့် ပန်းခြံ ဆိုတာက လူတွေအများကြီး ရှိတဲ့
နေရာ။ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်မလေး ဘယ်သူ
ဘယ်ဝါဆိုတာ ကျွန်တော်ကိုယ်တိုင်လည်းမသိသလို
ကျွန်တော်ပြောတာကို နားထောင်နေတဲ့သူကိုယ်တိုင်
လည်း မသိတဲ့အတွက် ( a girl ) လို့ ရေးရတယ်။
I saw a girl in the park.

အဲဒီကောင်မလေး ဘာလုပ်နေလဲ။ ငိုနေတယ်။
The girl was crying.
ငိုနေတဲ့ကောင်မလေးက ဘယ်သူလဲ။ ပန်းခြံမှာ ကျွန်
တော် တွေ့ခဲ့တဲ့ကောင်မလေး။
ပြောသူရော ၊ နားထောင်သူရော နှစ်ယောက်လုံး သိ
တဲ့ကောင်မလေး ဖြစ်သွားပြီ။ ဒါကြောင့် (The girl)
လို့ ရေးတယ်။
[ဒါကလည်း The နှင့်ပတ်သက်တဲ့ အယူအဆ နောက်
တစ်ခု ဖြစ်ပါတယ်။] ဆက်လက် ဖော်ပြပါအုန်းမယ်။

💎 ပြိုင်ဘက်မရှိသော လူ၊အရာဝတ္ထုတွေရဲ့ရှေ့မှာ The
သုံးတယ်။ ( သို့ ) တစ်နေရာမှာ တစ်ခုတည်းရှိသော/
တစ်ယောက်တည်းရှိသော လူ၊အရာဝတ္ထုတွေရဲ့ ရှေ့
မှာ The သုံးတယ်။

E.g The sun , The moon , The earth , The Pope,
The president , The headmaster , etc.
[ နေ၊ လ၊ ကမ္ဘာ၊ ပုပ်မင်းကြီး၊ သမ္မတ၊ ကျောင်းအုပ်]

✍ ဒါတွေအားလုံး ပြိုင်ဘက်မရှိသောအရာတွေပါ။ပြိုင်
ဘက်မရှိဘူးဆိုတာ တစ်ခုတည်းရှိလို့ ဖြစ်ပါတယ်။
နေမင်းကြီးလို့ ပြောလိုက်တာနဲ့ ဘယ်ဟာကို ပြောလဲ
လူတိုင်းသိတယ်။ ဒါကြောင့် The sun
စန္ဒာလမင်းလို့ ပြောလိုက်တာနဲ့ ဘယ်ဟာလဲ လူတိုင်း
သိတယ်။ ထပ်ရှင်းပြနေစရာ မလိုအောင် ရှင်းတယ်။
ဒါကြောင့် The moon
ကမ္ဘာလို့ ပြောလိုက်တာနဲ့ ဘယ်ဟာလဲ လူတိုင်းသိပြီး
သား။ ဒါကြောင့် The earth
ပုပ်ရဟန်းမင်းကြီးဆိုတာက တစ်ကမ္ဘာလုံးမှာ သူတစ်
ယောက်တည်းပဲ ရှိတယ်။ ဒါကြောင့် The Pope
သမ္မတဆိုတာ တစ်နိုင်ငံလုံးမှာ တစ်ယောက်တည်းပဲ
ရှိတယ်။ ဒါကြောင့် The president
ကျောင်းအုပ်ဆိုတာ တစ်ကျောင်းလုံးမှာ တစ်ယောက်
ပဲ ရှိတယ်။ ဒါကြောင့် The headmaster

❤ The sun is shining.
❤ The moon is very bright tonight.
❤ The earth is round.
❤ The Pope is visiting Russia.
❤ The president of the Republic of the Union
of Myanmar now is U Win Myint.
❤ The headmaster wants to speak to you.

[ဒါကလည်း The နှင့်ပတ်သက်တဲ့ အယူအဆ နောက်
တစ်ခု ဖြစ်ပါတယ်။] ဆက်လက် ဖော်ပြပါအုန်းမယ်။

🖊ဆရာ/မအားလုံး အဆင်ပြေကြပါစေခင်ဗျာ 😇😇

Saya Ar Kar

Leave a Reply

Your email address will not be published. Required fields are marked *