0

Determiners Part II (Sayar Ar kar)

Determiners Part II

👉 Determiners အကြောင်း ( အပိုင်း ၂ ) 👈
🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳🕳

✍ Determiner အကြောင်း(အပိုင်း ၁) မှာ The အသုံး
ပြုပုံ အကြောင်းအရင်း ၃ ခု ဖော်ပြခဲ့ပြီးပါပြီ။

💎 The ဆိုတာက Definite Article ။ Noun တစ်ခုကို
သီးခြားခွဲထုတ် ပြောချင်ရင် (သို့) တိတိကျကျ ပြော
ချင်ရင် the ကို သုံးတယ်။

💎 တစ်ကြိမ်ဖော်ပြပြီးတဲ့ လူ၊ အရာဝတ္ထုတွေကို နောက်
ထပ် ထပ်ပြီးဖော်ပြချင်ရင် The ကိုသုံးတယ်။

💎 ပြိုင်ဘက်မရှိသော လူ၊အရာဝတ္ထုတွေရဲ့ရှေ့မှာ The
ကို သုံးတယ်။ (သို့) တစ်နေရာတည်းမှာ တစ်ခုတည်း
ရှိသော / တစ်ယောက်တည်းရှိသော လူ ၊ အရာဝတ္ထု
တွေရဲ့ရှေ့မှာ The ကို သုံးတယ်။

✍ ဒါတွေကတော့ အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးသော The
သုံးလို့ရနိုင်တဲ့အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ နောက်
ထပ်အကြောင်းပြချက်တွေကို ဆက်လက်ဖော်ပြပေး
ပါအုန်းမယ်။

💎 Superlative Adjective တွေ ဖြစ်တဲ့ (D-3) တွေကို
ရေးတဲ့အခါ ယေဘုယျအားဖြင့်သူ့တို့ရှေ့မှာ The ကို
သုံးကြတယ်။ ယေဘုယျအားဖြင့် ဆိုတဲ့အဓိပ္ပါယ်က
D-3 ကို ရေးတဲ့အခါတိုင်း The သုံးတာတော့ မဟုတ်
ဘူးလို့ ပြောတာပါ။

❤ He is the tallest boy in the class.
သူက ဒီအတန်းထဲမှာတော့ အရပ်အရှည်ဆုံးပဲ။

❤ She is the most beautiful girl I have ever
seen.
ကျွန်တော် မြင်တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ
တော့ သူမအလှဆုံးပဲ။

❤ This bowl is the biggest one.
ဒီပန်းကန်လုံးက အကြီးဆုံးပဲ။

✍ D-3 ရှေ့မှာ The ဘာကြောင့်သုံးတာလဲ။ဘာကြောင့်
သုံးသလဲဆိုတာ ရှင်းပြပါမယ်။ ကျွန်တော်တို့ပြောဆို
လိုက်တဲ့အရာဝတ္တုတစ်ခုက အားလုံးထဲမှာ သူတစ်ခု
တည်း ထူးထူးခြားခြား ဖြစ်နေတယ်ဆိုရင် The ကို
သုံးတယ်။ ဥပမာတစ်ခုအနေနဲ့ နားလည်အောင် ရှင်း
ပြရရင် အရပ်အရှည်ဆုံး ကောင်လေး ကျွန်တော်တို့
အတန်းထဲမှာရှိတယ်လို့ ပြောလိုက်တာနဲ့ ဒီစကားကို
နားထောင်တဲ့သူက ချက်ချင်း နားလည်သွားတယ်။
ဘာလဲဆိုတော့ အရပ်အရှည်ဆုံးကျောင်းသားဆိုလို့
အတန်းထဲမှာ အဲဒီကောင်လေးတစ်ယောက်တည်းပဲ
ရှိနိုင်လိမ့်မယ်။သူ့အပြင် တခြားကျောင်းသား မရှိနိုင်
တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း တိတိကျကျ
သိသွားတယ်။ ဒါကြောင့်မို့ The သုံးတယ်။
အဲဒါအပြင် နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိပါ
သေးတယ်။ D-3 နောက်မှာ Noun ရှိနေလို့ The သုံး
ရတာလည်း ဖြစ်ပါတယ်။

💎 အကယ်၍ Superlative Adjective တွေနောက်မှာ
Noun မရှိခဲ့ရင်တော့ The သုံးလည်းရတယ်။ မသုံး
လည်းရတယ်။ ဥပမာ ____________

❤ She is the most beautiful.
She is most beautiful.

✍ Adjective (beautiful) နောက်မှာ Noun မပါဘူး။
ဒါကြောင့် (D-3) ရှေ့မှာ The သုံးချင်လည်းရတယ်။
မသုံးချင်လည်းရတယ်။သုံးသည်ဖြစ်စေ၊ မသုံးသည်
ဖြစ်စေ အဓိပ္ပါယ်တော့ မပြောင်းဘူး။မြင်သာအောင်
နောက်ထပ်ဥပမာတွေ ထပ်ပေးပါမယ်။

❤ Mg Mg is the most intelligent boy.
Mg Mg is the most intelligent.
Mg Mg is most intelligent.

❤ This book is the best one.
This book is the best.
This book is best.

❤ This bowl is the biggest one.
This bowl is the biggest.
This bowl is biggest.

💎 တချို့ Adj တွေ ရှေ့မှာ The ကို အသုံးပြုခြင်းအား
ဖြင့် အများသဘောဆောင်သွားတာလည်း ရှိတယ်။
တနည်းအားဖြင့် (လူတစ်စု) ကို ဆိုလိုတဲ့ အဓိပ္ပါယ်
ဖြစ်သွားပါတယ်။
ဥပမာတစ်ခုအနေနဲ့ နားလည်အောင် ပြောရရင် rich
က Adj ပါ။ သူ့အဓိပ္ပါယ်က ချမ်းသာသော။အဲဒီ Adj
ရှေ့မှာ The ကို ထည့်သုံးလိုက်ရင် (လူချမ်းသာတွေ)
ကို ဆိုလိုတဲ့အဓိပ္ပါယ် ဖြစ်သွားပါတယ်။

❤ The rich = Rich people
The rich – လူချမ်းသာများ ( Plural form )
Rich people – လူချမ်းသာများ ( Plural form )

✍ The rich ဆိုတာ ( လူချမ်းသာများ ) ချမ်းသာတဲ့လူ
အားလုံးကို ဆိုလိုပါတယ်။ ဒီတော့ The rich ဆိုတဲ့
စကားလုံးဟာ Noun (အများ) အဓိပ္ပါယ်ဖြစ်တယ်။
ဒါကြောင့် The rich ကို ဝါကျတစ်ခုရဲ့ Subj နေရာ
မှာ ထားပြီးရေးခဲ့ရင် သူ့နောက်မှာ Verb ( အများ )
Plural Verb ပဲရေးရမယ်။ အောက်ပါဝါကျကို လေ့
လာကြည့်နိုင်ပါတယ်။

❤ The rich hate the poor.
လူချမ်းသာတွေက ဆင်းရဲတဲ့သူတွေကို မကြိုက်နှစ်
သက်ကြဘူး။

✍ ဒီဝါကျမှာ Subject က The rich / Verb က hate
အသုံးပြုသွားတဲ့ Verb က Verb ( အများ ) Plural
Verb ။ Subj (အများ) ဖြစ်လို့ Verb (အများ) သုံး
လိုက်တာကိုတော့ နားလည်ကြမယ်ထင်ပါတယ်။
The rich ကဲ့သို့ [ The + Adj ] ပုံစံ နဲ့ ရေးလိုက်ရင်
Noun( အများ ) အဓိပ္ပါယ်ဖြစ်သွားတဲ့ ပုံစံအချို့ကို
ဆက်လက် ဖော်ပြပေးပါအုန်းမယ်။
ဝါကျတွေကိုတော့ မရေးပြတော့ပါဘူး။The နောက်
မှာ Adj ရေးလိုက်ရင် ဘယ်လိုအဓိပ္ပါယ် ဖြစ်သွားလဲ
ဆိုတာကိုပဲ လေ့လာပေးကြည့်ပါခင်ဗျာ။

❤ The poor = Poor people
The poor – မရှိနွမ်းပါးသူများ (Plural form)
Poor people – မရှိနွမ်းပါးသူများ (Plural form)

❤ The dead = Dead people
The dead – လူသေကောင်များ (Plural form)
Dead people – လူသေကောင်များ (Plural form)

❤ The deaf = Deaf people
The deaf – နားမကြားသူများ (Plural form)
Deaf people – နားမကြားသူများ (Plural form)

❤ The sick = Sick people
The sick – နာမကျန်းသူများ (Plural form)
Sick people – နာမကျန်းသူများ (Plural form)

❤ The blind = Blind people
The blind – မျက်မမြင်များ (Plural form)
Blind people – မျက်မမြင်များ (Plural form)

✍ ဒါကြောင့် (The + Adj)တွေကို Subj နေရာမှာ ထား
ပြီးရေးရင် သူတို့နောက်မှာ Plural Verb သုံးရတယ်
ဆိုတာကို မှတ်ထားပေးပါ။ အခု ဆက်ပြောပြပေးမှာ
က နိုင်ငံတွေရဲ့နာမည်ရှေ့မှာ The ဘာကြောင့်သုံးလဲ
မသုံးလဲ။

💎 တချို့နိုင်ငံတွေရဲ့နာမည်တွေကို ရေးတဲ့အခါ သူတို့ရဲ့
ရှေ့မှာ THE ကို သုံးလေ့ရှိကြပြီး ၊ တချို့ကို ဖော်ပြ
တဲ့အခါမှာကျတော့လည်း THE မသုံးပြန်ဘူး။
ဥပမာ __

❤ the Philippines , the Netherlands , ……………
❤ Japan , Libya , Hungary , Canada , ……………

✍ နိုင်ငံတွေရဲ့ နာမည်ရှေ့မှာ THE သုံးတာ ဘာကြောင့်
လဲ။ THE မသုံးတာကရော ဘာကြောင့်လဲ 🤔🤔🤔
တကယ်တော့ အဖြေက ရိုးရှင်းပါတယ်။
အရင်ဆုံး THE မသုံးရတဲ့ အကြောင်းကို စပြီးရှင်းပါ
မယ်။

💎 နိုင်ငံတစ်နိုင်ငံရဲ့နာမည်က တစ်ခုကိန်းဖြစ်နေတယ်ဆို
ရင် အဲဒီနာမည်ကို ရေးတဲ့အခါ နာမည် ရှေ့မှာ THE
မသုံးရဘူး။ တစ်ခုကိန်းဆိုတဲ့ အဓိပ္ပါယ်ကိုတော့ နား
လည်ကြမယ်လို့ ထင်ပါတယ်။ Singular Name ကို
ဆိုလိုပါတယ်။ ဥပမာ – Japan , Myanmar , ……..

ဒီစကားလုံးတွေမှာ s/es မပါဘူး။ ဒါက တစ်ခုကိန်း
ရှိသောနာမည်တွေ ဖြစ်ပါတယ်။ဒီနိုင်ငံတွေရဲ့နာမည်
တွေကို ရေးတဲ့အခါ The မထည့်ရဘူး။ ဘာကြောင့်
လဲ s/es မပါတဲ့နာမည်တွေ ဖြစ်နေလို့။ The ထည့်
ရေးခဲ့ရင် မှားသွားပါလိမ့်မယ်။
• The Japan ❌ [ Japan ✔ ]
• The Myanmar ❌ [ Myanmar ✔ ]

✍ ချွင်းချက်မှတ်စရာနိုင်ငံဆိုလို့ တစ်နိုင်ငံပဲ ရှိပါတယ်။
အဲဒီနိုင်ငံကတော့ အနောက်အာဖရိကနိုင်ငံငယ်လေး
တစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာ ဆိုတဲ့နိုင်ငံပါ။ အဲဒီနိုင်ငံရဲ့
တရားဝင်နာမည်ကိုတော့ The Gambia လို့ ရေးပါ
တယ်။ Gambia ဆိုတဲ့နာမည်မှာ s/es မပါပေမယ့်
The ထည့်ရေးရတာကိုတော့ ချွင်းချက် မှတ်ပေးပါ။

💎 အထက်ပါ ရှင်းပြချက်ကို နားလည်တယ်ဆိုရင်တော့
အခုပြောပြမယ့် အကြောင်းအရာကို သဘောပေါက်
လောက်ပါတယ်။ နိုင်ငံတွေရဲ့နာမည်ရှေ့မှာ The ကို
သုံးတာ ဘာကြောင့်လဲ။ အဲဒီနိုင်ငံတွေရဲ့ နာမည်တွေ
က အများကိန်းဖြစ်နေလို့ The သုံးတာဖြစ်ပါတယ်။
ဥပမာ – The Philippines,The Netherlands, …

ဒီနိုင်ငံတွေမှာ s/es ပါတယ်။ ဒီတော့ အများကိန်းရှိ
သောနာမည်တွေပေါ့။ ဒါကြောင့် ဒီနိုင်ငံတွေရဲ့ရှေ့မှာ
The ကိုသုံးရတယ်။The မသုံးဘဲရေးရင် မှားသွားပါ
လိမ့်မယ်။
• Philippines ❌ [ the Philippines ✔ ]
• Netherlands ❌ [ the Netherlands ✔ ]

✍ ဒီမှာလည်း ချွင်းချက်မှတ်စရာ နိုင်ငံ ၁ နိုင်ငံ ရှိပါသေး
တယ်။ ဒါကတော့ မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲ
က ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ ဘာဘာဒို့စ် နိုင်ငံပဲ
ဖြစ်ပါတယ်။ ဒီနိုင်ငံကို ရေးတဲ့အခါ Barbados လို့ပဲ
ရေးတယ်။ s/es ပါပေမယ့် the မသုံးရတာကိုတော့
ချွင်းချက် မှတ်ပေးစေချင်ပါတယ်။ ဒါဆို နိုင်ငံတွေရဲ့
ရှေ့မှာ The ဘာကြောင့် သုံးရတာလဲ။ဘာကြောင့် မ
သုံးရတာလဲဆိုတာ ရှင်းသွားလောက်ပါပြီ။ များများ
လေ့လာလို့ရအောင် နိုင်ငံနာမည်တွေကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်။

👉 The မသုံးရသော နိုင်ငံများ 👈

💎 Singular Names တွေဆိုရင် The မသုံးဘူး။

  1. Japan = ဂျပန်နိုင်ငံ
  2. Myanmar = မြန်မာနိုင်ငံ
  3. Canada = ကနေဒါနိုင်ငံ
  4. Jamaica = ဂျမေကာနိုင်ငံ
  5. Mongolia = မွန်ဂိုးလယားနိုင်ငံ
  6. Romania = ရိုမန်းနီးယားနိုင်ငံ
  7. Macedonia = မက်ဆီဒိုးနီးယားနိုင်ငံ
  8. Georgia = ဂျော်ဂျီယာနိုင်ငံ
  9. Libya = လစ်ဗျားနိုင်ငံ
  10. Greece = ဂရိနိုင်ငံ
  11. Hungary = ဟန်ဂေရီနိုင်ငံ
  12. Iceland = အိုက်စလန်နိုင်ငံ
  13. Ireland = အိုင်ယာလန်နိုင်ငံ
  14. New Zealand = နယူးဇီလန်နိုင်ငံ
  15. Turkmenistan =တက္ကမန်နစ္စတန်
  16. Kazakhstan = ကာစ္စတန်နိုင်ငံ
  17. Ukraine = ယူကရိန်းနိုင်ငံ
  18. Mexico = မက်ဆီကိုနိုင်ငံ
  19. Brazil = ဘရာဇီးနိုင်ငံ
  20. Denmark = ဒိန်းမတ်နိုင်ငံ

✍ ချွင်းချက်တစ်ခုကတော့ The Gambia ။ Singular
Name ဖြစ်ပေမယ့် The ထည့်ရေးရတယ်။
ဘာကြောင့်လဲ ။ အဲဒီနိုင်ငံရဲ့ တရားဝင်နာမည်ကိုက
The Gambia ဖြစ်လို့။ The မထည့်ဘဲ ရေးရင် မှား
သွားပါလိမ့်မယ်။ အခု ရေးပြပေးလိုက်တဲ့ နိုင်ငံ 20
က နမူနာပါ။နောက်ထပ်အများကြီး ရှိပါသေးတယ်။

👉 The သုံးရသော နိုင်ငံများ 👈

💎 Plural Names တွေ ဆိုရင် The သုံးပေးရမယ်။

  1. the Philippines = ဖိလစ်ပိုင်နိုင်ငံ
  2. the Netherlands = နယ်သာလန်နိုင်ငံ
  3. the Maldives = မော်လဒိုက် ကျွန်းစုနိုင်ငံ
    the Maldive Islands = မော်လဒိုက် ကျွန်းစုနိုင်ငံ
  4. the Solomon Islands = ဆော်လမွန် ကျွန်းစုနိုင်ငံ
  5. the Marshall Islands = မားရှော ကျွန်းစုနိုင်ငံ
  6. the Cayman Islands = ခေမန် ကျွန်းစုနိုင်ငံ
  7. the Virgin Islands = ဗာဂျင်းကျွန်းစုနိုင်ငံ
  8. the Comoros = ကိုမိုရိုစ့်နိုင်ငံ
  9. the Seychelles = ဆေးချဲလ် နိုင်ငံ
  10. The Bahamas = ဗဟားမက်နိုင်ငံ

✍ ဒီ ၁၀ နိုင်ငံထဲမှာ ထူခြားတဲ့နိုင်ငံတစ်နိုင်ငံပါတယ်။ အဲ
ဒါက No. 10 (ဗဟားမက်နိုင်ငံ) ဒီနိုင်ငံရှေ့မှာ သုံးတဲ့
The ကို (Capital Letter) နဲ့ ရေးရတယ်။ ဘယ်မှာ
ဖြစ်ဖြစ် The အကြီးနဲ့ပဲ ရေးရပါတယ်။
E.g The commonwealth of The Bahamas

✍ ဘာဘာဒိုစ့်နိုင်ငံ (Barbados) ကတော့ s/es ပါတဲ့
Plural Name ဖြစ်ပေမယ့် ဒီနိုင်ငံကို ရေးတဲ့အခါ
The မသုံးရတာကတော့ ချွင်းချက်ပါ။

💎 နိုင်ငံတစ်နိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ် အမျိုးအစားကို
ဖော်ပြပေးသောစကားလုံးတွေပါလာရင် အဲဒီစကား
လုံးတွေရှေ့မှာတော့ The ထည့်သုံးရပါတယ်။

👉 Kind of State – နိုင်ငံအမျိုးအစား 👈

The Union = ပြည်ထောင်စု

The Republic = သမ္မတစနစ် ၊ သမ္မတနိုင်ငံ

The Democratic = ဒီမိုကရေစီစနစ် အခြေခံသော

The Kingdom = ဘုရင်/မ အုပ်ချုပ်သောစနစ်

The Confederation = ဗဟိုအစိုးရ၌ အာဏာရရှိမှု

အနည်းငယ်သာရှိပြီး ပြည်နယ်အစိုးရက သူ့ပြည်နယ်
အတွင်း အာဏာအများဆုံးကို ပိုင်ဆိုင်ထားသောစနစ်

The Federal = ဖက်ဒရယ်နိုင်ငံရေးစနစ်

The Principality = မင်းသား အုပ်ချုပ်တဲ့နိုင်ငံ

The Islamic = အစ္စလမ်ဘာသာနှင့် ဆိုင်သော

The People’s = ပြည်သူနှင့်ဆိုင်သော

The Socialist = ဆိုရှယ်လစ်စနစ်

❤ The Republic of Macedonia
❤ The Republic of the Union of Myanmar
❤ The Republic of Korea ( တောင်ကိုရီးယား )
❤ The Democratic People’s Republic of
Korea ( မြောက်ကိုရီးယား )
❤ The Republic of China ( ထိုင်ဝမ် )
❤ The People’s Republic of China ( တရုတ် )
❤ The Islamic Republic of Afghanistan
❤ The Khindom of Denmark
❤ The Khindom of the Netherlands
❤ The Khindom of Norway
❤ The Principality of Monaco
❤ The Federal Democratic Republic of
Ethiopia
❤ The Socialist Republic of Vietnam

✍ နမူနာ အနေနဲ့သာ အနည်းငယ် ဖော်ပြပေးခြင်းဖြစ်ပါ
တယ်။ ဆက်ပြီးလေ့လာချင်သူများ Google မှာသာ
ရှာဖွေလေ့လာကြည့်ပါလို့ အကြံပေးပါရစေ။

❤ အားလုံး သာယာပျော်ရွှင် အဆင်ပြေကြပါစေ 😇

Saya Ar Kar

Leave a Reply

Your email address will not be published. Required fields are marked *