0

Gerunds & Infinitives Part I

Gerunds & Infinitives Part I

Gerunds & Infinitives
❤❤❤❤❤❤❤❤

💎 Gerund ဆိုတာ ဘာလဲ။
💎 Gerund ကို ဘယ်အချိန်မှာ အသုံးပြုတာလဲ။
💎 Infinitive ဆိုတာကရော ဘာလဲ။
💎 Infinitive ကိုရော ဘယ်အချိန်မှာ အသုံးပြုတာလဲ။

❤ အပိုင်း ၁ ❤

👉 What is a gerund? 👈

✍ Gerund ဆိုတာ Verb တစ်လုံးကို (ING) ပေါင်းပြီး
ရေးထားတဲ့ Noun ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဥပမာ

❤ I swim every day because I like swimming.

✍ swim က Verb ဖြစ်၍ swimming က Noun ဖြစ်
ပါတယ်။အဲဒီ Noun က swim ဆိုတဲ့ Verb ကို ing
ပေါင်းပြီးရေးထားသော စကားလုံးပုံစံ။ ING ပေါင်း
ပြီး ရေးထားတဲ့ Noun ကို Gerund လို့ ခေါ်တယ်။

❤ She reads several books a week.
Reading is important.

✍ read က Verb / reading က Noun ။ အဲဒီ Noun
က read ဆိုတဲ့ Verb ကို ING ပေါင်းပြီးရေးထားတဲ့
စကားလုံးပုံစံ ဖြစ်ပါတယ်။ ING ပေါင်းပြီး ရေးထား
တဲ့ Noun ကို Gerund လို့ ခေါ်ပါတယ်။
Gerund တွေကို နမူနာအဖြစ် ဆက်ပြီး ဖော်ပြရရင်
running, watching, buying, telling, …………..

Gerund က Continuous tense နဲ့ အလွန်ပင် တူ
ပါတယ်။ ဒါပေမယ့် အသုံးပြုပုံ နဲ့ အဓိပ္ပါယ်ကတော့
လုံးဝ ကွာခြားတယ်။ ဘယ်လိုကွာခြားလဲ။ Gerund
ကို ဝါကျတွေမှာ Noun အဖြစ်သုံး၍ Continuous
tense ကတော့ ပြုဆဲ၊ဖြစ်ဆဲကာလ ကြိယာပုံစံ ဖြစ်
ပါတယ်။ ဥပမာ ————-

❤ Walking is good for your health. ( Gerund )
❤ He is walking along the road.
(Present Continuous tense)

💎Walking is good for your health.
လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်း
တယ်။
ဖော်ပြပါစာကြောင်းတွင် Walking ကို ဝါကျအစမှာ
ထား၍ Noun အဓိပ္ပါယ်သုံးပြီး ရေးတယ်။
Walking = လမ်းလျှောက်ခြင်း (Noun)

💎He is walking along the road.
သူက ဒီလမ်းအတိုင်း လမ်းလျှောက်နေတယ်။
ဒီဝါကျတွင် Walking ကို Verb အဓိပ္ပါယ်သုံးပြီး ရေး
ပါတယ်။ Walking = လမ်းလျှောက်နေသည် (Verb)

✍စကားလုံးတူနေပြီး အဓိပ္ပါယ်ဘာကြောင့်မတူတာလဲ။
အကြောင်းအရင်းက သူတို့ရှိနေတဲ့နေရာ မတူလို့ ဖြစ်
ပါတယ်။ ပထမစာကြောင်းတွင် Walking ကို ဝါကျ
အစမှာ ထားပြီးရေးသွားတယ်။ ဒီတော့ သူက Noun
အဓိပ္ပါယ်။ ဒုတိယစာကြောင်းမှာ Walking ကို Verb
to be နောက်တွင် ထားပြီးရေးသွားပါတယ်။ ဒီတော့
သူက Verb အဓိပ္ပါယ် ဖြစ်သွားတယ်။ Verb to be
နောက်မှာ V-ing ထားပြီး ရေးတိုင်း Verb အဓိပ္ပါယ်
လို့တော့ တသမတ်တည်း မှတ်ယူလို့မရပါ။ နားလည်
အောင် နမူနာ စာကြောင်းများဖြင့် အလျင်သင့်သလို
အောက်တွင် ရှင်းပြပေးသွားပါမယ်။ အခုလောလော
ဆယ်တော့ Gerund အကြောင်းပဲ ဆက်ရှင်းပါအုန်း
မယ်။
ဒါကြောင့် Gerund ဆိုတာ V-ing ဖြစ်ပေမယ့်လည်း
Verb တစ်လုံးကဲ့သို့ မလုပ်ဆောင်ဘဲ Noun တစ်ခု
ကဲ့သို့ လုပ်ဆောင်ပါတယ်။အဆိုပါ Noun က လူ နှင့်
အရာဝတ္ထုတွေကို ရည်ညွှန်းတာမျိုးတော့ မဟုတ်ပါ။
၎င်းက လှုပ်ရှားဆောင်ရွက်မှု (သို့) ပြုမူဆောင်ရွက်မှု
( Activity ) ကိုသာ ဆိုလိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်တယ်။
ထိုကဲ့သို့သော Noun ကို Gerund ( Verbal Noun )
ကြိယာနာမ် လို့ ခေါ်ပါတယ်။

👉 What is an infinitive? 👈

✍ Infinitive ဆိုတာ Verb တစ်ခုရဲ့ အခြေခံပုံစံကို “to”
နဲ့ ပေါင်းပြီးရေးထားတာပါ။ Verb တစ်ခုရဲ့ အခြေခံ
ပုံစံ ( The basic form of the verb ) ဆိုတဲ့ အယူ
အဆကို ကျောင်းသူ/သားတွေ သိပ်ပြီးနားမလည်ကြ
ဘူးဗျ။ ၁၀ တန်းကျောင်းသားတစ်ယောက်က မေးပါ
လိမ့်မယ်။ “Infinitive” ဆိုတာ ဘာကို ပြောတာပါလဲ
ခင်ဗျာလို့ မေးရင် ဆရာ/မတို့ မအံ့ဩလိုက်ပါလေနဲ့။
သူတို့ အမှန်တကယ်ကို မကြားဖူးကြတာပါ။ အဲဒီလို
မေးတဲ့အခါတိုင်း သူတို့ နားလည်အောင် ကျွန်တော်
ရှင်းပြတဲ့နည်းလေးကို အနည်းငယ်လောက် ပြောပြ
ချင်ပါသေးတယ်။ နမူနာစာကြောင်းတွေကို လေ့လာ
ပေးပါ။

  1. We sometimes go to school by bus.
  2. He always goes to school on foot.
  3. She went to school by bus yesterday.

✍ အထက်ပါဝါကျသုံးကြောင်းတွင် အသုံးပြုထားသော
Verb တွေကို ရှာခိုင်းပါတယ်။ ( go, goes, went )

  1. Go = Plural verb ( Verb အများ )
  2. Goes = Singular verb ( Verb အနည်း )
  3. Went = Past tense ( V-2 )

✍ ဒီ Verb တွေရဲ့အခြေခံကြိယာပုံစံ (Infinitive verb)
တွေက ဘာလဲ။ Infinitive verb ===> Go
Go (Plural verb) နဲ့ Go (Infinitive Verb) စကား
လုံးချင်းသာ တူတယ်။ အသုံးပြုပုံ နဲ့ အယူအဆ မတူ
ဘူးဆိုတာကိုလည်း တခါတည်း ရှင်းပြပေးပါတယ်။

Plural Verb ===> Infinitive Verb

  1. Go ဘယ်က ဖြစ်လာတာလဲ Go က ဖြစ်လာတယ်။
    စကားလုံးချင်းတူနေပေမယ့် Verb အမျိုးအစား မတူ
    တာကိုတော့ သတိထားပြီး ကြည့်ပေးပါ။

Singular Verb ===> Infinitive Verb

  1. Goes ဘယ်က ဖြစ်လာတာလဲ Go က ဖြစ်လာတယ်။

Past Tense ===> Infinitive Verb

  1. Went ဘယ်က ဖြစ်လာတာလဲ Go က ဖြစ်လာတယ်။

✍Infinitive verb တွေကို ဆက်လက်ဖော်ပြရရင် ……
to go, to do, to sleep, to eat, to buy, to cook

ဒါက ကျွန်တော့်ရဲ့အတွေ့အကြုံကို မျှဝေပေးတာပါ။
ဆရာ ၊ ဆရာမတို့လည်း ကျွန်တော့်လိုမျိုး တွေ့ကြုံခဲ့
မယ်ဆိုရင် အလွယ်တကူရှင်းပြနိုင်ဖို့ မှတ်ထားချင်ရင်
မှတ်ထားနိုင်ပါတယ်။Infinitive အကြောင်း ဆက်ပြီး
ရှင်းပြပါမယ်။တကယ်တော့ Infinitive ဆိုတဲ့ စကား
လုံးက Latin စကားလုံး ( Infinitus ) ဆိုတာက ဖြစ်
လာတာပါ။ In ရဲ့အဓိပ္ပါယ်က (not) Finitus ဆိုတာ
က ( limited or finished ) ။ ဒါကြောင့် Infinitive
ရဲ့အဓိပ္ပါယ်က (not limited or not finished = မ
ကန့်သတ်ဘူး ၊ မပြီးဆုံးဘူး) လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါ
တယ်။ Infinitive Verb က လုပ်ဆောင်မှုကို ဖော်ပြ
ပေးတယ်။ ဒါပေမယ့် ပုံမှန် Verb နဲ့တော့ မတူဘူး။

✍ပုံမှန် Verb ကို ပြုလုပ်သူနဲ့ အချိန်ကာလက ကန့်သတ်
ပေးနိုင်တယ်။ Infinitive Verb ကိုတော့ ပြုလုပ်သူ နဲ့
အချိန်ကာလက မကန့်သတ်ပေးနိင်ဘူး။ ဥပမာ ——

❤ Diana danced. မင်းသမီးဒိုင်ယာနာ ကခဲ့တယ်။

✍ Danced က ပုံမှန် Verb တစ်ခုပါ။ Infinitive Verb
မဟုတ်။ ဖော်ပြပါဝါကျတွင် (ကခဲ့တယ်) ဆိုတဲ့ လုပ်
ဆောင်မှုကို Diana မင်းသမီးတစ်ယောက်ပဲ လုပ်နိုင်
မယ်။ တခြား Subj က မလုပ်နိုင်။ တခြား Subj က
လုပ်တယ်လို့ ပြောလိုက်ရင် ဒီဝါကျရဲ့ အဓိပ္ပါယ် ဆို
လိုရင်း ပျောက်သွားလိမ့်မယ်။ ပြီးတော့ ဒီဝါကျအရ
(ကခဲ့တယ်) ဆိုတဲ့လုပ်ဆောင်မှုကို အတိတ်ကာလမှာ
ပဲ လုပ်နိုင်မယ်။ ယခုပစ္စုပ္ပန်မှာ မလုပ်နိုင်။
အသုံးပြုထားသော ကြိယာပုံစံက အတိတ်ကာလကို
သာ ရည်ညွှန်းနေပါတယ်။ ဒါကြောင့် ပုံမှန် Verb ကို
ပြုလုပ်သူ နဲ့ အချိန်ကာလက ကန့်သတ် ပေးနိုင်တယ်
လို့ ပြောတာဖြစ်ပါတယ်။

✍ Infinitive Verb ကတော့ ပုံမှန် Verb နဲ့ မတူ။ သူ့ကို
မည်သည့် Subj ကမှလည်း မကန့်သတ်ပေးနိုင်သလို
မည်သည့် အချိန်ကာလ ကမှလည်း မကန့်သတ်ပေး
နိုင်ဘူး။ ဥပမာ ————-

❤ To dance is easy. ကရတာ လွယ်တယ်။

✍ ဒီဝါကျတွင် (ကသည်) ဆိုတဲ့ Action ကို မည်သည့်
Subj မဆို လုပ်နိုင်တယ်။ မည်သည့်အချိန်ကာလမှာ
မဆို ကနိုင်တယ်။ To dance ဆိုတဲ့ Infinitive ပုံစံ
က ဘယ်သူ ( ကရမယ် ) လို့ မကန့်သတ်ထားသလို ၊
ဘယ်အချိန် ( ကရမယ် ) လို့လည်း မကန့်သတ်ထား
ဘူး။
Any Subject can do this action in any time.

ကြိုက်တဲ့သူ ကနိုင်သလို ကြိုက်တဲ့အချိန်မှာ ကနိုင်ပါ
တယ်။ ဘယ်သူပဲ ကသည်ဖြစ်ပါစေ To dance is
easy. ဆိုတဲ့ ဝါကျရဲ့ဆိုလိုရင်း မပျောက်သွားဘူး။
ဒါကြောင့် Infinitive Verb ကို Subj နဲ့အချိန်ကာလ
က မကန့်သတ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလောက်ဆို
Gerund ဆိုတာဘာလဲ။ Infinitive ဆိုတာ ဘာလဲ။
နားလည်လောက်ပြီ ထင်ပါတယ်။ ဒါကြောင့် အခုမှစ
ပြီး Gerund နဲ့ Infinitive ကို ဝါကျတွေမှာ ဘယ်လို
ခွဲခြား အသုံးပြုတယ်ဆိုတဲ့အကြောင်း အသေးစိတ်
ရှင်းပြပေးပါတော့မယ်။
အပိုင်း ၂ တွင် ဆက်လက်ဖတ်ရှုပေးကြပါခင်ဗျာ။

❤ ရှာဖွေလေ့လာဖတ်ကြည့်ဖို့ အချိန်မရသော ဆရာ/မ
များကို ကိုယ်ချင်းစာမိသောကြောင့် ကျွန်တော် လေ့
လာထားပြီးသမျှကို ပြန်လည်မျှဝေပေးခြင်းပါ။

ဆရာ/မတစ်ယောက်စီတိုင်းကို လေးစားပါ၏။ 🙏

Saya Ar Kar

Leave a Reply

Your email address will not be published. Required fields are marked *