0

I need wings (again)

need wings

ပျံသန်းခွင့်တွေမရှိတော့ဘူး
ဖြစ်နိုင်ရင်
လွတ်လပ်မှု့တွေရဲ့ အရသာကို
ပြန်လိုချင်တယ်

မဖြစ်နိုင်မှန်းသိလျက်နဲ့
တမ်းတနေမိတဲ့
ပျော်ရွှင်မှု့တွေကိုလဲ ရိုက်ချိုးမယ်

စိတ်ညစ်မှု့တွေ ရှိနေတော့
အရက် ဆိုတာငါ့အတွက် ဖြေဆေးတစ်ခုလိုပါဘဲ

ပြန်ပေးပါ ငါ့အတောင်ပံတွေ
ကျေးဇူးပြုပြီး
လှောင်အိမ်ထဲကလွှတ်ပေးပါ
ငါအရမ်းပျံသန်းချင်လို့ပါ

တနေ့
ငါ့အတောင်ပံ
လွတ်လပ်မှု့တွေ ရမဲ့
တနေ့
ငါမျှော်နေအုန်းမယ်…

#ShweAungKhant

Leave a Reply

Your email address will not be published. Required fields are marked *