0

My Diary Thingyan

ငါတို့ကို လွမ်းဆွတ်စေမဲ့
အတာသကြန် ရောက်လာတော့မယ်
ချစ်သူရေ…

သိပ်ချစ်တဲ့ နင်နဲ့အတူတူ
ပျော်ရွှင်ချင်တယ်…

သကြန်ရေလေးလောင်းခွင့်မရလို့
ဝမ်းနည်းမိတယ်
ချစ်သူရယ်…

ဘယ်အချိန်ဆုံနိုင်ခွင့်ရမလဲဆိုတာ
မသေချာသေးတဲ့
ငါတို့ချစ်သူနှစ်ယောက်အတွက်
အမှတ်တရနေ့တွေတိုင်းက
ဘယ်လောက်ကြေကွဲဖို့
ကောင်းလိုက်လဲ
ချစ်သူရယ်…

ယုံကြည်နေမှာပါ ချစ်သူ
တစ်နေ့နေ့တော့
ငါတို့ချစ်သူနှစ်ယောက်လဲ
တစ်ခြားချစ်သူတွေလို
အတူတူပျော်ရွှင်ခွင့်ရမဲ့နေ့ဆိုတာ
ရောက်လာမှာပါ…
(အရမ်းလွမ်းတယ် ချစ်သူရယ်…)

Leave a Reply

Your email address will not be published. Required fields are marked *