0

Phrases & Clauses (Sayar Ar Kar)

👉 Phrases & Clauses 👈
❆❆❆❆❆❆❆❆❆❆❆❆❆❆

Verb မပါတဲ့ စကားစုကို Phrase လို့ ခေါ်ပြီး

Subject နဲ့ Verb ပါတဲ့ စကားစုကို Clause လို့ခေါ်ပါ။

Phrase ဆိုသည်မှာ ပြည့်စုံလုံလောက်သော အဓိပ္ပါယ်ကို
မဖော်ပြနိုင်သည့်အပြင် Verb လည်း မပါရှိသောစကားစု
ကို ဆိုလိုပါတယ်။
Phrase ( ၃ ) မျိုး အကြောင်း ရှင်းပြပါမယ်။

  1. Noun Phrase
  2. Adjective Phrase ( Prepositional Phrase )
  3. Adverb Phrase ( Prepositional Phrase )

👉 Noun Phrase 👈
♥♥♥♥♥♥♥ ♥♥

💎 Subject နေရာမှာ Noun ရှိတယ်။
💎 Object နေရာမှာလည်း Noun ရှိတယ်။
💎 Preposition နောက်မှာလည်း Noun ရှိတယ်။

အဲဒီနေရာတွေမှာရှိတဲ့ Noun တွေဟာ Noun တစ်လုံး

တည်းလည်း ဖြစ်နိုင်သလို Noun Phrase တွေလည်း
ဖြစ်နိုင်ပါတယ်။
အမှန်တော့ Phrase(စကားစု) ဆိုတာကို နားလည်အောင်
ပြောရရင် စကားလုံးတစ်လုံးထက် ပိုပါနေတာကို ဆိုလိုပါ
တယ်။ စကားလုံးတည်းရှိရင်တော့ word(စကားလုံး) ပါ။

Noun Phrase ဆိုတာလည်း ဒီသဘောပဲ။ Noun အပြင် အခြားစကားလုံးတွေလည်း ပါဝင်နေအုန်းမယ်။ဒီလိုပါဝင်
နေတဲ့စကားစုကို Noun Phrase လို့ သတ်မှတ်တယ်။
အခြားစကာလုံးတွေဆိုတာ ဘယ်လိုအရာတွေလဲ? 🤔🤔

Determiners တွေ ၊ Adjectives တွေ ၊ Prepositions
တွေပါ။ဒီစကားလုံးတွေက Noun ကို အထူးပြုပြီး Noun
Phrase တွေ ဖြစ်လာစေလိမ့်မယ်။

❤ Noun Phrase ဖြစ်စေသောပုံစံများ

  1. D + N ( Determiner + Noun )
  2. D + A + N ( Determiner + Adjective + Noun )
  3. A + N ( Adjective + Noun )
  4. N + P + N ( Noun + Preposition + Noun )

D = Determiner , N = Noun , A = Adjective ,

P = Preposition
Determiner စကားလုံးတွေနဲ့ သူတို့ရဲ့အသုံးတွေကို လေ့
လာကြည့်ဖို့ Comment မှာ ပေးထားပါတယ်ခင်ဗျာ။

book = စာအုပ် ( Noun )
books = စာအုပ်များ ( Noun )
The books = စာအုပ်များ ( Noun Phrase )
A book = စာအုပ်တစ်အုပ် ( Noun Phrase )
A new book = သစ်သောစာအုပ်တစ်အုပ် ( NP )
New books = သစ်သောစာအုပ်များ ( NP )
The books on = စာပွဲပေါ်ကစာအုပ်များ ( NP )
the table
The pot of water = ရေအိုး ( NP )

book နဲ့ books က Noun တွေပါ။ စကားလုံးတစ်လုံး

တည်း ရှိ၍ Noun Phrase မဟုတ်ပါ။

The books, A book , A new book , New books,

The books on the table , The pot of water
စသည်တို့က Noun Phrase တွေ ဖြစ်ကြပါတယ်။
စကားလုံးတစ်လုံးထက် ပိုနေသောကြောင့် Phrase ဟု
သတ်မှတ်သည်။

အထက်ပါ Noun Phrase များအား ရေးသွားသည့်ပုံစံ

များကို လေ့လာကြည့်ပေးပါ။

💎 The books = D + N
💎 A book = D + N
💎 A new book = D + A + N
💎 New books = A + N
💎 The books on the table = N + P + N
💎 The pot of water = N + P + N

N + P + N ပုံစံ နှင့် ပတ်သက်ပြီး ဒီနေရာမှာ တစ်ခုထပ်

သိထားသင့်တာက ( P ) ရဲ့ရှေ့က [ N ] နေရာမှာရော ၊
( P ) ရဲ့နောက်က [ N ] နေရာမှာပါ Noun (or) Noun
Phrase တွေ ရေးလို့ရတယ်ဆိုတာ သတိထားပေးပါ။

❤ The books on the table
👉 P ရဲ့ ရှေ့က N နေရာမှာ The books ( NP )
P ရဲ့နောက်က N နေရာမှာ the table ( NP )

❤ The pot of water
👉 P ရဲ့ ရှေ့က N နေရာမှာ The pot ( NP )
P ရဲ့နောက်က N နေရာမှာ water ( Noun )

ယခုဖော်ပြခဲ့သော Noun Phrase များကို Subject နဲ့

Object နေရာများတွင် အသုံးပြုနိုင်သည်။

👉 ဝါကျတစ်ကြောင်းရဲ့ Subj အဖြစ် အသုံးပြုခြင်း 👈
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

➳ The books ( Noun Phrase )
💜 The books are very expensive.
ဒီစာအုပ်တွေက အရမ်းဈေးကြီးတယ်။

➳ A book ( Noun Phrase )
💜 A book always teaches us something.
စာအုပ်ဆိုတာက ကျွန်တော်တို့အား တစ်စုံတစ်ရာကို
အမြဲတမ်း သင်ပေးတယ်။

👉 ဝါကျတစ်ကြောင်းမှာ Obj အဖြစ် အသုံးပြုခြင်း 👈
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

➳ a new book ( Noun Phrase )
💜 He bought a new book yesterday.
သူ မနေ့က စာအုပ်အသစ်တစ်အုပ်ကို ဝယ်ခဲ့တယ်။

➳ New books ( Noun Phrase )
💜 The teacher gave the students new books.
ဆရာမက ကျောင်းသူ/သားများအား စာအုပ်အသစ်
တွေကို ပေးခဲ့တယ်။

➳ The books on the table (Noun Phrase)
💜 We moved the books on the table to the
bookshelf.
ကျွန်တော်တို့ စာပွဲပေါ်ကစာအုပ်တွေကို စာအုပ်စင်သို့
ရွှေ့ခဲ့တယ်။

➳ The pot of water (Noun Phrase)
💜 Min Min bought the pot of water.
မင်းမင်းက ဒီရေအိုးကို ဝယ်ခဲ့တယ်။

👉 Adjective Phrase 👈

Adjective Phrase ဆိုတာက သူတို့ရဲ့ရှေ့မှာရှိတဲ့ Noun
ကို အထူးပြုတဲ့ စကားစုတွေပါ။ Noun ကို အထူးပြုလို့
Adjective ဟု ခေါ်ပါမယ်။ Adjective Phrase တွေကို
V-3 , V-ing တို့ဖြင့် ရေးနိုင်သည်။

V-3 (Past participle) နဲ့ ရေးတဲ့ Adjective Phrase
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

➳ written two days ago ( Adjective Phrase )
လွန်ခဲ့တဲ့နှစ်ရက်ကရေးခဲ့သော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The letter written two days ago
လွန်ခဲ့တဲ့နှစ်ရက်ကရေးခဲ့တဲ့ စာ ( Noun Phrase )

➳ planted by grandfather ( Adjective Phrase )
အဖိုးစိုက်ခဲ့သော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The tree planted by grandfather
အဖိုး စိုက်ခဲ့တဲ့ သစ်ပင် ( Noun Phrase )

➳ built by Kyansittha ( Adjective phrase )
ကျန်စစ်သား တည်ခဲ့သော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The Anandar Pagoda built by Kyansittha
ကျန်စစ်သား တည်ခဲ့တဲ့ အာနန္ဒာဘုရား ( NP )

V-ing (Present participle) နဲ့ ရေးတဲ့ Adj Phrase
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

➳ talking to the teacher ( Adjective Phrase )
ဆရာမ နဲ့ စကားပြောနေသော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The man talking to the teacher
ဆရာမ နဲ့ စကားပြောနေတဲ့ လူ ( Noun phrase )

➳ playing in the rain ( Adjective Phrase )
မိုးရွာထဲမှာ ဆော့နေသော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The boys playing in the rain
မိုးရွာထဲမှာဆော့နေတဲ့ကောင်တွေ (Noun Phrase)

➳ going too fast ( Adjective Phrase )
မြန်လွန်းနေသော ( တဲ့ )

💎 ဒီစကားစုက သူ့ရှေ့မှာရှိမယ့် Noun ကို အထူးပြုပါ
မယ်။ Noun ကို အထူးပြုတာမှန်သမျှ Adjective ။
Adj နဲ့ Noun နဲ့ ပေါင်းရင် Noun Phrase ဖြစ်မယ်။

💜 The calendar going too fast
မြန်လွန်းနေတဲ့ပြက္ခဒိန် (Noun Phrase)

👉 Prepositoinal Phrase 👈
♥♥♥♥♥♥♥♥♥♥♥♥

👉 ကျွန်တော် အပေါ်ပိုင်းမှာရှင်းပြခဲ့တဲ့ Noun Phrase
တွေထဲက N + P + N ပုံစံကိုသုံး၍ ပြန်ရှင်းပြပါမယ်။

➳ The books on the table ( Noun Phrase )
💎 on the table ( Prepositional phrase )

Prepositional Phrase ဆိုတာ Preposition ကနေ

စပြီး ရေးထားတဲ့စကားစု။ ဥပမာ ……………………….

💎 in my native town ( Prepositional phrase )
💎 before the class ( Prepositional phrase )
💎 under the tree ( Prepositional phrase )
💎 over my head ( Prepositional phrase )
💎 of water ( Prepositional phrase )

ဒါတွေအားလုံး Prepositional phrase တွေ ဖြစ်တယ်။
Preposition တွေနောက်မှာ Noun [or] Noun Phrase တွေကို ထားရေးခြင်းအားဖြင့် Prepositional Phrase တွေဖြစ်လာမယ်။ ဒီနေရာမှာ တစ်ခါတည်းမှတ်လိုက်ရမှာ
က Prepositional Phrase ဆိုတာ Adjective Phrase
ဆိုလည်း ဟုတ်တယ်။ Adverb Phrase ဆိုလည်း ဟုတ်
တယ်။

Noun ကို အထူးပြုရင် Adjective Phrase လို့ ခေါ်

Verb ကို အထူးပြုရင် Adverb phrase လို့ ခေါ်

➳ in the next room ( Prepositional Phrase )
(ဟိုဘက်အခန်းထဲမှာ/က )

ဒီစကားစုကို Adverb Phrase အဖြစ်ရော Adjective

Phrase အဖြစ်ပါ သုံးပြပါမယ်။ ခြားနားမှုကို လေ့လာ
ကြည့်ပါ။

💜 The girls are talking in the next room.
မိန်းကလေးတွေ [ ဟိုဘက်အခန်းထဲမှာ ] စကားပြော
နေတယ်။ Adverb Phrase => Place နေရာ
မှ Verb ကို အထူးပြုတယ်။

❤ The girls in the next room are talking.
[ဟိုဘက်အခန်းထဲက] မိန်းကလေးတွေ စကားပြောနေ
Adjective Phrase ===> Noun ရဲ့နောက်မှ နေပြီး
Noun ကို အထူးပြုတယ်။

နားလည်သဘောပေါက်အောင် သေသေချာချာလေး ဖတ်ပေးပါလို့ ပြောပါရစေ။

နောက်ထပ် ဝါကျတစ်ကြောင်းကို ဆက်လက်လေ့လာ

ကြည့်ပေးပါ

➳ on the table ( Prepositional Phrase )
( စားပွဲပေါ်မှာ/က )

💎 ဒီစကားစုက PLACE နေရာကနေ Verb ကို အထူးပြု
ရင် Adverb Phrase
💎 ဒီစကားစုက NOUN နောက်မှနေ၍ Noun ကို အထူး
ပြုရင် Adjective Phrase

💜 He put the books on the table.
သူ စာအုပ်တွေကို [ စားပွဲပေါ်မှာ ] တင်ထားခဲ့တယ်။
Adverb Phrase => Place နေရာ
မှ Verb ကို အထူးပြုတယ်။

❤ The books on the table are mine.
[ စားပွဲပေါ်က ] စာအုပ်တွေက ကျွန်တော့်စာအုပ်တွေ။
Adjective Phrase ===> Noun ရဲ့နောက်မှ နေပြီး
Noun ကို အထူးပြုတယ်။

ဒီလောက်ဆို Phrase တွေကို ခွဲခြားတတ်လောက်ပြီလို့

ယူဆပါတယ်။

Prepositional Phrase အကြောင်း ၄ တန်း အင်္ဂလိပ်

ဖတ်စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အမှန်တော့ဗျာ
ကျွန်တော်တို့အနေနဲ့ ၄ တန်း ၊ ၅ တန်း ၊ ၆ တန်း မှာသင်
ကြားနေရတဲ့ အင်္ဂလိပ်စာတွေကို ပြန်ပြီးလေ့လာ ဖတ်
ကြည့်မယ်ဆိုရင် ဆယ်တန်းမှာ ခက်ခဲတယ်လို့ ထင်မိတဲ့
စာကြောင်းတော်တော်များများ အဆင်ပြေသွားမယ်လို့
ယူဆမိပါတယ်။

အားလုံး အဆင်ပြေကြပါစေ

Saya Ar Kar

Leave a Reply

Your email address will not be published. Required fields are marked *