0

Subject-Verb Agreement (အပိုင်း ၁)

Subject-Verb Agreement Part I

💎 Subject-Verb Agreement ဆိုတာ ဘာလဲ။

✍ ဝါကျတစ်ကြောင်းတွင်ရှိသော Subj. နဲ့ Verb သည်
ကိန်း အရ ကိုက်ညီမှုရှိရမည်။ ထိုသို့ ကိန်းအရ ကိုက်
ညီမှုရှိခြင်းကို Subject-Verb Agreement လို့ ခေါ်
တယ်။ ကိန်း နှစ်မျိုး ရှိပါတယ်။ မြန်မာသဒ္ဒါမှာတော့
ဧကဝုစ်ကိန်း နဲ့ ဗဟုဝုစ်ကိန်းဆိုပြီး ခေါ်ကြတယ်။
ဧကဝုစ်ကိန်းဆိုတာ Singular number ဖြစ်ပြီး
ဗဟုဝုစ်ကိန်းဆိုတာ Plural number ဖြစ်ပါတယ်။

အရင်ဆုံး Singular no. နဲ့ Plural no. ကို ကလေး
တွေနားလည်အောင် ဘယ်လိုရှင်းပြသင့်လဲဆိုတာက
စပြီး ပြောပါမယ်။ ဆရာ/မတွေအတွက် ယခုအခေါ်
အဝေါ်က မစိမ်းပေမယ့်လည်း ကလေးအတွက်တော့
အမှန်တကယ် အခက်တွေ့နိုင်ပါတယ်။ သူတို့အနေနဲ့
ယခုလို ခေါ်ဝေါ်တာကို ကြားဖူးရင်လည်း ကြားဖူးပါ
လိမ့်မယ်။ဒါပေမယ့် မကြားဖူးနိုင်မယ့်ကလေးက လူ
၁၀၀ မှာ ၉၉ ယောက် ရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့
ဆရာ/မများ အနေဖြင့် သူတို့တွေကို ရှင်းပြတဲ့အခါ
မှာ အတတ်နိုင်ဆုံး စကားလုံးနည်းနည်းနဲ့ အမြန်ဆုံး
နားလည်စေနိုင်မည့်နည်းလမ်းကို ရွေးချယ်ကြပါလို့
အကြံပေးချင်ပါတယ်ခင်ဗျာ။

Singular number = Only one

Plural number = more than one

✍ အရေအတွက်အားဖြင့် တစ်ခုတည်းရှိရင် Singular
အရေအတွက်အားဖြင့် တစ်ခုထက်ကျော်ရင် Plural
ဥပမာ ——-
ကျွန်တော့်လက်ထဲမှာ ခဲတံတစ်ချောင်း ကိုင်ထားရင်
အဲဒါ (Singular)။ ခဲတံနှစ်ချောင်းကိုင်ထားရင် အဲဒါ
(Plural)။ သုံးချောင်းရှိရင် (Plural)။ လေးချောင်းရှိ
ရင် (Plural)။ အများကြီးရှိရင်လည်း (Plural)။
ခဲတံ ဆိုတာ ပစ္စည်းတစ်ခုရဲ့နာမည်ဖြစ်လို့ (Noun)။
အဲဒီ Noun မှာ ( s ) မပါရင် ( Singular Noun )။
The pencil = Singular Noun ( Pencil မှာ “s”
မပါဘူး။ အဲဒီအဓိပ္ပါယ်က ခဲတံတစ်ချောင်းတည်း ရှိ
တယ်လို့ ဆိုလိုတယ်။ )
The pencils = Plural Noun ( Pencils မှာ ” s “
ပါတယ်။ ခဲတံ ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ မရေး
ထားပေမယ့်လည်း Pencils မှာ ” s ” ပါတဲ့အတွက်
တစ်ချောင်းထက်ပိုနိုင်မှန်းတော့ ကျွန်တော်တို့ သိနိုင်
တယ်။)

A pencil = Singular ( One pencil )
A book = Singular ( One book )
An apple = Singular ( One apple )
A house = Singular ( One house )
The tree = Singular ( One tree )
The woman = Singular ( One woman )

✍ ဖော်ပြပါ Noun များတွင် s မပါတာကို သတိထားမိ
ကြမှာပါ။ ” s ” မပါတဲ့ အဓိပ္ပါယ်က အရေအတွက်
အားဖြင့် အဲဒီအရာဝတ္ထုဟာ တစ်ခုတည်းရှိပါတယ်
လို့ ဆိုလိုပါတယ်။ ( only one ဆိုတဲ့အဓိပ္ပါယ်ပေါ့ )
ဒါကြောင့် သူတို့ကို Singular Noun လို့ ခေါ်တယ်။

✍ Plural Noun ဆိုတာကတော့ အရေအတွက် တစ်ခု
ထက်ပိုပြီးရှိနေတာကို ဆိုလိုပါတယ်။ Plural noun
တွေကို ယေဘုယျအားဖြင့် ” s ” ပေါင်းပြီးရေးထား
လေ့ရှိပါတယ်။

Two pencils = Plural ( more than one )
Seven books = Plural ( more than one )
The apples = Plural ( more than one )
Many houses = Plural ( more than one )
The trees = Plural ( more than one )
Two women = Plural ( more than one )

✍ ဒါကြောင့် ယေဘုယျအားဖြင့် ပြောရရင် Singular
Noun တွေမှာ ” s ” မပါဘူး။ Plural Noun မှာ “s”
ပါတယ်။ Singular Verb နဲ့ Plural Verb ကျတော့
Noun နဲ့ အယူအဆ ပြောင်းပြန်ပါ။
Verb မှာ “s” ပါရင် Singular / “s” မပါရင် Plural

goes = Singular (Verb မှာ s ပါတယ်။)
does = Singular (Verb မှာ s ပါတယ်။)
eats = Singular (Verb မှာ s ပါတယ်။)
has = Singular (Verb မှာ s ပါတယ်။)
finds = Singular (Verb မှာ s ပါတယ်။)
is = Singular (Verb မှာ s ပါတယ်။)

go = Plural (Verb မှာ s မပါဘူး။)
do = Plural (Verb မှာ s မပါဘူး။)
eat = Plural (Verb မှာ s မပါဘူး။)
have = Plural (Verb မှာ s မပါဘူး။)
find = Plural (Verb မှာ s မပါဘူး။)
are = Plural (Verb မှာ s မပါဘူး။)

✍ Singular Verb & Plural Verb/ Singular Noun
& Plural Noun စတဲ့ အခေါ်အဝေါ်၊ အယူအဆတွေ
ကို ဥပမာပေးတွေပြီးရှင်းပြတဲ့အခါမှာ မိမိသင်ပေးရ
မယ့် အတန်းကိုကြည့်၍ သူတို့သိနိုင်မယ့် စကားလုံး
များနဲ့သာ ရှင်းပြပေးသင့်ပါတယ်ခင်ဗျာ။ အထက်ပါ
Singular & Plural အယူအဆကိုနားလည်ပြီဆိုရင်
တော့ Subject-Verb Agreement အကြောင်းကို
ရှင်းပြလို့ ရပါပြီ။ Subject-Verb Agreement ဆို
သည်မှာ ဝါကျတစ်ကြောင်းတွင်ရှိသော Subject နဲ့
Verb တို့သည် (ကိန်း)အရ ကိုက်ညီမှုရှိရမည်။ထိုသို့
ကိုက်ညီမှုရှိခြင်းကို Subject-Verb Agreement
လို့ ခေါ်ပါတယ်။(ကိန်း)အရ ကိုက်ညီမှုရှိခြင်းဆိုတာ
ဘယ်လို အဓိပ္ပါယ်လဲ။

Subject သည် Singular ဖြစ်လျှင် Verb ကလည်း

Singular ဖြစ်ရမယ်။

Subject သည် Plural ဖြစ်လျှင် Verb ကလည်း

Plural ဖြစ်ရပါမယ်။
(အောက်တွင်လေ့လာကြည့်နိုင်ပါတယ်။)

❤ The boy goes to school today. ( ✔ )
🔝 🔝
Singular Singular
(➖s) (➕s)

✍ အထက်ပါဝါကျမှာ Subj. က The boy ဖြစ်တယ်။
(The boy = ဒီကောင်လေး) boy မှာ ” s ” မပါတဲ့
အဓိပ္ပါယ်က အရေအတွက်အားဖြင့် လူတစ်ယောက်
တည်း ရှိတယ်လို့ဆိုလိုပါတယ်။ဒါကြောင့် The boy
က Singular subj. ပါ။ Singular subj. ဖြစ်သော
ကြောင့် Subject-Verb Agreement အရ ဆိုရင်
Verb နေရာမှာ Singular verb ဖြစ်မှ ရပါမယ်။
Singular verb ဆိုတာ Verb မှာ ” s ” ပါတယ်။ တ
နည်းအားဖြင့် ” s ” ပေါင်းပြီးရေးတယ်လို့ ပြောလို့ရ
တယ်။ Singular noun ကိုကျတော့ “s” ဖယ်ထုတ်
ရေးရတယ်။
(➕s) ဆိုတာက s ပေါင်းထည့်ခြင်းကို ဆိုလိုတယ်။
(➖s) ဆိုတာက s ဖယ်ထုတ်ခြင်းကို ဆိုလိုတယ်။
နောက်ထပ်စာကြောင်းတစ်ကြောင်းကို ဆက်ပြီးလေ့
လာကြည့်ပေးပါ။

❤ The boys go to school today. ( ✔ )
🔝 🔝
Plural Plural
(➕s) (➖s)

✍ အထက်ပါဝါကျမှာ Subj.က The boys ဖြစ်တယ်။
(The boys = ဒီကောင်လေးတွေ) boys မှာ “s” ပါ
တဲ့အဓိပ္ပါယ်က အရေအတွက်အားဖြင့် ကောင်လေး
ဘယ်နှစ်ယောက်ရှိတယ်မှန်း မသိပေမယ့် ၁ ယောက်
ထက်ပိုမယ်မှန်းသိတော့ သိနိုင်တယ်။ဒါကြောင့် The
boys က Plural subj. ဖြစ်ပါတယ်။ Plural subj.
ဖြစ်သောကြောင့် Subject-Verb Agreement ဆို
တဲ့ စည်းမျဉ်းအရဆိုရင် Verb နေရာ Plural verb
ဖြစ်မှ ရပါမယ်။ Plural verb ဆိုတာ Verb မှာ ” s “
မပါဘူး။ တနည်းအားဖြင့် ” s ” ဖယ်ထုတ်ပြီး ရေးရ
တယ်လို့ ပြောနိုင်တယ်။ Plural noun ကို ကျတော့
“s” ပေါင်းထည့်ပြီး ရေးရတယ်။
ဒီသဘောကို Subject-Verb Agreement (ကိန်း)
အရ ကိုက်ညီမှုရှိခြင်းလို့ ဆိုလိုတယ်။ ယခုကစပြီး
Subject-Verb Agreement အတွက် သတ်မှတ်
ထားသောစည်းမျဉ်းများနှင့် ပတ်သက်၍ ပြောပြပါ
တော့မယ်။

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

✍ Subject-Verb Agreement အယူအဆအရ လိုက်
နာရမယ့် စည်းမျဉ်း ၈ ခု ကိုရှင်းပြပေးပါမယ်။တစ်ခု
ချင်းစီကို လေ့လာကြည့်ပေးပါ။

  1. Subject နှင့် Verb ကြားတွင်ရှိသော Phrase (သို့)
    Clause တို့သည် Subject ၏ Singular/Plural
    နှင့်ပတ်သက်သော ယူဆချက်အပေါ် သက်ရောက်မှု
    မရှိပါ။

✍ အထက်တွင်ဖော်ပြထားသော သတ်မှတ်ချက်ကို နား
လည်ဖို့ရန် ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ တကယ်
တော့ ဒီစကားကို သဒ္ဒါအသုံးအနှုန်းအရ ပြောပြခြင်း
ဖြစ်ပါတယ်။ Subject နဲ့ Verb တို့ကြားတွင်ရှိသော
Phrase နဲ့ Clause ဆိုသည်မှာ တခြားတော့မဟုတ်
ပါဘူး။ နားလည်သဘောပေါက်အောင် အောက်တွင်
လေ့လာကြည့်ပေးကြပါ။

❤ The boys in the class are playing.
🔝 🔝
Subject Verb

✍ ဖော်ပြပါဝါကျတွင် Subject က The boys/ Verb
က are ဖြစ်ပါတယ်။ The boys နဲ့ are ကြားတွင်
in the class ဆိုတဲ့ Phrase တစ်ခု ရှိတယ်။
ဒီ Phrase ကို နာမည်ပေးရရင် Adjective Phrase
(သို့) Prepositional Phrase လို့ နာမည်ပေးနိုင်ပါ
တယ်။ ဒီ Phrase က The boys ကို အထူးပြုသော
စကားစု ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို Adjective
Phrase လို့ ခေါ်တာပါ။
ဒီတော့ Subject ကို Singular လား ၊ Plural လား
စဉ်းစားတဲ့နေရာမှာ Adjective တွေက ဘာမှဝင်ပြီး
မဆုံးဖြတ်ပေးနိုင်ဘူးဆိုတာကို သိထားရတော့မယ်။
ဥပမာ – the clever boy လို့ပေးထားတယ် ဆိုပါစို့။
ဒါကို Singular or Plural စဉ်းစားမယ်ဆိုရင် ဘယ်
စကားလုံးကို ကြည့်ရမှာလဲ။
The ကို ကြည့်မှာလား။ clever ကို ကြည့်မှာလား။
boy ကို ကြည့်မှာလား။ အဖြေက ရှင်းပါတယ်။
boy ကို ပဲ ကြည့်ရမှာပါ။The က Determiner ဖြစ်
လို့ ကြည့်စရာမလိုဘူး။ clever လည်း Adjective
ဖြစ်လို့ ကြည့်စရာ မလိုဘူး။ boy က Noun ဖြစ်လို့
ကြည့်ရမယ်။
Singular လား Plural လား တွေးတောဆုံးဖြတ်နိုင်
တာဆိုလို့ သုံးမျိုးပဲရှိတယ်။ Noun ရယ်၊ Pronoun
ရယ်၊ Verb ရယ်။ ဒီ သုံးမျိုးကိုပဲ ကြည့်ပြီး စဉ်းစား
လို့ ရနိုင်မယ်။ ဒါဆိုရင် အပေါ်မှာဖော်ပြခဲ့သောဝါကျ
ကို နောက်တစ်ကြိမ် ပြန်ရေးပြပြီး ရှင်းပြပါမယ်။

❤ The boys in the class are playing.
အတန်းထဲကကောင်လေးတွေ ဆော့နေကြတယ်။

✍ ဒီဝါကျမှာ Verb ကို Plural Verb ဘာကြောင့် သုံးရ
တာလဲ။ ဘာကြောင့်လဲဆိုရင် boys က Plural ဖြစ်
လို့ Verb ကို Plural Verb သုံးရတာ ဖြစ်ပါတယ်။
Class ကို ကြည့်ပြီး ဘာကြောင့်မစဉ်းစားရတာလဲ။
Class က in the classဆိုတဲ့ Adjective Phrase
ထဲမှာပါတဲ့ စကားလုံးဖြစ်လို့ သူ့တစ်လုံးတည်း ခွဲပြီး
စဉ်းစားလို့ မရပါဘူး။ အားလုံးရဲ့ရင်ထဲမှာ ရှင်းရှင်း
လင်းလင်း နားလည်သဘောပေါက် သွားလောက်ပြီး
လို့တော့ ကျွန်တော်ထင်လိုက်ပါပြီ။ တကယ်တော့
အခု အပေါ်မှာ ရှင်းပြခဲ့တဲ့နည်းလမ်းက ဆရာ/မတို့
အတွက်ပဲ ရည်ရွယ်တာပါ။ကျောင်းသူ/သားတွေကို
ရှင်းပြတဲ့အခါမှာ အခုလောက်ကြီး ရှုပ်ယှက်ခတ်လို့
မရဘူး။ ကျောင်းသားဖက်က လုံလောက်တဲ့အခြေခံ
မရှိသေးဘဲနဲ့ အခုလိုသွားရှင်းပြခဲ့ရင် ရှင်းပြတဲ့သူပဲ
စိတ်ပင်ပန်းရပါလိမ့်မယ်။

ဒီတော့ လုံလောက်တဲ့အခြေခံမပါသေးတဲ့ ကျောင်း
သူ/သားတွေကို သင်ပေးတဲ့အခါမှာ ကျွန်တော်ချဉ်း
ကပ်တဲ့နည်းလမ်းလေး ဆရာ/မတို့ကို မျှဝေပေးပါ
မယ်။

❤ The boys in the class (be) playing.
(Singular/Pluarl အယူအဆ နားလည်အောင်သင်
တာဖြစ်လို့ V-1 ပဲ သုံးပါလို့ ကြိုပြောထားပါတယ်။)

✍ ဒီဝါကျမှာ Subj ဘယ်သူလဲလို့ ကျွန်တော်မေးလိုက်
တယ်။ သူတို့က ( The boys in the class ပါ) လို့
ပြန်ဖြေတယ်။ The boys in the class က ဘာလို့
Subject ဖြစ်တာလဲ။ Verb ရဲ့ရှေ့မှာ ရှိလို့ပါ။ ဒါဆို
V နေရာ Singular သုံးမလား၊ Plural သုံးမလား။
(အဖြေ နှစ်မျိုးထွက်လာမယ်ဆိုတာကတော့ အသေ
အချာပါပဲ။ Singular Verb သုံးမယ်လို့ ပြောတဲ့သူ
ရှိမယ်။ Plural Verb သုံးရမယ်လို့ ပြောတဲ့ သူတွေ
လည်း ရှိလိမ့်မယ်။) Singular Verb သုံးရမယ်လို့
ပြောတဲ့သူတွေကို ဘာကြောင့် Singular Verb သုံး
ရမှာလဲလို့ မေးကြည့်ပါ။ ( Class က Singular မို့
လို့လို့ ပြန်ဖြေလိမ့်မယ်။)
Plural Verb သုံးရမယ်လို့ ပြောတဲ့သူတွေကို ဘာ
ကြောင့် Plural Verb သုံးတာလဲလို့ မေးကြည့်ပါ။
( Boys က Plural ဖြစ်လို့လို့ ပြန်ဖြေပါလိမ့်မယ်။)
အဲကျမှ အဖြေမှန်စဉ်းစားဖို့ လွယ်ကူမယ့်နည်းလမ်း
ကို ကျွန်တော်ပြောပြလိုက်ပါတယ်။
Subject နေရာကစကားစုမှာ Preposition ပါရင်
Preposition ရှေ့က Noun ကို ကြည့်ပြီးတော့ပဲ
Singular/ Plural စဉ်းစားရမယ်လို့ သင်ပေးလိုက်
ပါတယ်။ Preposition နှစ်လုံးပါရင် ရှေ့ဆုံးမှာ ရှိ
တဲ့ Preposition ရှေ့က Noun ကိုကြည့်။
အဲလိုပြောပြီးတော့မှ သူတို့နားလည်ပြီလား စမ်းစစ်
ဖို့ လေ့ကျင့်ခန်းတွေ ရေးပေးလိုက်ပါတယ်။

❤ The girl under the tree = Singular or Plural
❤ The books on the table in the class = ?
❤ The men before the car = ?

✍ ဆရာ/မတို့ စိတ်ကူးရှိသလောက် ရေးပြပေးနိုင်ပါ
တယ်။ အခု Clause အကြောင်းကို ဆက်ပြောပြပါ
မယ်။

❤ The woman who came to the school is my
mother. 🔝 🔝
Subject (Singular) Verb

✍ ဒီမှာလည်း Subj က The woman/Verb က is ပါ။
who came to the school က Adj. Clause ဖြစ်
ပါတယ်။The woman ကို အထူးပြုတဲ့ Clause ပါ။
Singular or Plural စဉ်းစားဖို့ school ကို မကြည့်
ရဘဲ woman ကို ကြည့်ရတာ ဘာကြောင့်လဲဆိုတာ
ဆရာ/မတို့ နားလည်လောက်မယ်လို့ ထင်မိပါတယ်။

ကျောင်းသားကို ရှင်းပြမယ့်နည်းပဲ ကျွန်တော်ပြောပြ
ပေးပါတော့မယ်။
ဒီဝါကျမှာ Verb ဘယ်သူလဲလို့ အရင်မေးပါတယ်။
အဲကျရင် သူတို့က ပြန်ဖြေလိမ့်မယ်။ ( came / is )
ဆရာမေးတဲ့ Verb ဆိုတာ Main Verb ကိုမေးတာ။
Main Verb ဆိုတာ ဝါကျတစ်ကြောင်းလုံးနဲ့ဆိုင်တဲ့
Verb ။ came က Main Verb လား။ is က Main
Verb လား။ စဉ်းစားကြည့်ရအောင်။
(The woman who came to the school) ဒီမှာ
who ကို Relative pronoun လို့ခေါ်တယ်။
Relative Pronoun ဆိုတာ ဝါကျကို Noun ဖြစ်
အောင်ပြောင်းဖို့ သုံးတာ။
The woman came to the school.
ဒီအမျိုးသမီးကြီး ကျောင်းကို လာခဲ့တယ်။ (ဝါကျ)
ဒီဝါကျကို Noun ဖြစ်အောင် Relative pronoun
သုံးပြီး ရေးလို့ရတယ်။ Relative pronoun ဘာ
သုံးရမလဲဆိုတာ Subject ကို ကြည့်ပြီး စဉ်းစားရ
မယ်။ လူဆိုရင် Who ကို သုံး။ လူမဟုတ်ရင် That
ကို သုံး။The woman က လူဆိုတော့ Who ကိုသုံး
တယ်။
The woman who came to the school
ကျောင်းကို လာခဲ့သော ဒီမိန်းမကြီး ( ဝါကျ မဟုတ်
တော့ဘူး။ Noun အဓိပ္ပါယ် ဖြစ်သွားတယ်။)
ဒါကြောင့် came က Main verb မဟုတ်တော့ဘူး။
ဘယ်လိုမှတ်မလဲဆိုရင် Relative pronoun နောက်
တွင် ကပ်လျက် Verb ရှိသည်။ ၎င်း Verb သည် M.
Verb မဟုတ်ပါ။ ဘာသာပြန်လျှင် ” သော ” လို့ပြော
ပြီး Relative pronoun နောက်မှစ၍ ဘာသာပြန်ရ
မည်။Relative pronoun ဆိုတာ ရှေ့က Noun ကို
ရည်ညွှန်းဖို့ နမ်စား သုံးထားတာ။ ဒီလို မှတ်လိုက်ပါ။

ဒါဆို ခုဏက ရေးပြထားတဲ့ ဝါကျမှာ Main Verb
ဘယ်သူလဲ is ။ Subject ကရော ဘယ်သူလဲ။
The woman who came to the school ( ဘာ
ကြောင့်လဲ ) Verb ရှေ့မှာရှိသမျှအားလုံးဟာ Subj
ဖြစ်လို့။ ဟုတ်ပြီ ဒါဆိုရင် Singular or Plural ဆုံး
ဖြတ်ပါ။ Singular ပါ။ (ဘာကြောင့်လဲ) school
က Singular ဖြစ်လို့ပါ။ အေ အဲဒါမှားတာပဲ။
School ဆိုတဲ့ စကားလုံးက who came to the
school ဆိုတဲ့ Adjective Cluase ထဲမှာ ပါတာမို့
လို့ သူ့တစ်လုံးတည်း ခွဲထုတ်လို့ မရဘူး။
ဒီတော့ အားလုံး သဘောပေါက်အောင် ဒီလိုမှတ်ရ
အောင်။ Subject နေရာကစကားစုမှာ Relative
Pronoun ပါလာရင်Relative pronoun ရဲ့ရှေ့က
Noun ပဲကြည့်။ ပြီးရင် Singular/Plural ဆုံးဖြတ်
ပါ။ ရမလားဟေ့ ။ ( ရပါတယ် ) ဆရာ ရေးပြမယ်။
Singular or Plural ခွဲခြားပေးပါ။

❤ The things that we use today = ?
❤ The girl who is tall = ?
❤ The bridges that are made of wood =?

✍ ဆရာ/မတို့ စိတ်ကူးရှိသလောက် ရေးပြီးမေးကြည့်
နိုင်ပါတယ်။

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

  1. Indefinite pronouns များကို Subj အဖြစ် အသုံး
    ပြုခြင်း

💎 Subj. နေရာမှာ အသုံးပြုတဲ့ Indefinite pronoun
တွေက Singular ဆိုရင် Verb ကလည်း Singular
ဖြစ်ပါမယ်။

📓 Singular indefinite pronouns များ _

  • no one, anyone, someone, everyone,
  • nobody, anybody, somebody, everybody,
  • nothing, anything, something, everything,
  • one, each, other, another, either, neither,
    much, little

✍ ဒီစကားလုံးတွေကို Subj. အဖြစ် စာကြောင်းတွေမှာ
အသုံးပြုလေ့ရှိတာကို မြင်ဖူးကြမှာပါ။ ဒီစကားလုံး
တွေကို Singular အဖြစ်သာ အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် သူတို့ရဲ့နောက်မှာ Singular Verb တွေပဲ
ရှိပါမယ်။ အောင်တွင်လေ့လာကြည့်ပေးပါ။

❤ No one is allowed to smoke in this room.
🔝 🔝
Singular Singular

❤ Each of the players has a doctor.
🔝 🔝
Singular Singular

❤ I met two girls. One has given me her
phone number. 🔝 🔝
Singular Singular

❤ Nothing is free.
🔝 🔝
Singular Singular

❤ Neither of the girls is beautiful.
🔝 🔝
Singular Singular

💎 Subj. နေရာမှာ အသုံးပြုတဲ့ Indefinite pronoun
က Plural ဖြစ်ရင် Verb လည်း Plural ဖြစ်ပါမယ်။

📓 Plural indefinite pronouns များ _

  • several, few, both, many, others, some

✍ ဒီစကားလုံးတွေကို Plural အဖြစ်နဲ့သာ အသုံးပြုနိုင်
ပါတယ်။ သူတို့ကို Subject နေရာမှာထားရင် သူတို့
ရဲ့နောက်မှာ Plural Verb သာရှိလိမ့်မယ်။ ဆက်ပြီး
လေ့လာကြည့်ပါ။

❤ Both of them play the flute very well.
🔝 🔝
Plural Plural

❤ Some have arrived.
🔝 🔝
Plural Plural

❤ Few are teachers.
🔝 🔝
Plural Plural

❤ Others are students.
🔝 🔝
Plural Plural

💎 Subject နေရာမှာ အသုံးပြုတဲ့ တချို့ Indefinite
pronouns တွေက Singular လည်း ဖြစ်နိုင်သလို၊
Plural လည်း ဖြစ်နိုင်ပါတယ်။ Singular နဲ့ Plural
ကို ဘယ်လိုခွဲခြားနိုင်လဲဆိုရင် သူတို့ရည်ညွှန်းလိုက်
တဲ့ Noun ကို ကြည့်ပြီးခွဲခြားနိုင်ပါတယ်။
သူတို့ရည်ညွှန်းလိုက်တဲ့ Noun က _

Uncountable noun ဆိုရင် Singular လို့မှတ်ပါ။

(Singular ဆိုရင် Singular Verb ကို သုံးပါ။)

Countable noun ဆိုရင် Plural လို့ မှတ်ပါ။

(Plural ဆိုရင် Plural Verb ကို သုံးပါ။)

📓 Singular or plural indefinite pronouns များ

  • all, any, more, most, none, some

❤ All of the ink has spilled on the table.
🔝 🔝
Singular Singular

✍ All က ink ကို ရည်ညွှန်းတယ် ( Ink က U Noun )။
ဒါကြောင့် All က Singular ဖြစ်ပါတယ်။

❤ All of the books were sold last week.
🔝 🔝
Plural Plural

✍ All က books ကို ရည်ညွှန်းပါတယ်။ ( books က
C Noun)။ ဒါကြောင့် All က Plural ဖြစ်ပါတယ်။

❤ None of the cake is left for dessert.
🔝 🔝
Singular Singular

✍ None က cake ကို ရည်ညွှန်းတယ်။ ( Cake က
U Noun )။ ဒါကြောင့် None က Singular ပါ။

❤ None of the songs are good for me.
🔝 🔝
Plural Plural

✍ None က songs ကို ရည်ညွှန်းပါတယ်။ (songs
က C Noun)။ ဒါကြောင့် None က Plural ပါ။

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

  1. Subject နှစ်ခုကြား And နဲ့ ဆက်ထားရင် သူတို့ကို
    Compound Subjects လို့ ခေါ်ပါတယ်။ And ကို
    ဆက်ပြီးသုံးခြင်းက ပေါင်းစည်းခြင်း( + ) အဓိပ္ပါယ်
    ဖြစ်ပါတယ်။ ဒါကြောင့် And နဲ့ ဆက်လိုက်ရင် တစ်
    ခုထက်ပိုသွားပါမယ်။( more than one အဓိပ္ပါယ်
    ပေါ့။) more than one ဆို Plural။ Plural ဆိုရင်
    Plural Verb ကို အသုံးပြုပါ။

❤ Mg Mg and Kyaw Kyaw are students.
🔝 🔝
Plural Plural

❤ You and I are tall.
🔝 🔝
Plural Plural

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

  1. Or တို့ Nor တို့နဲ့ ဆက်ထားတဲ့ Compound Subj.
    တွေဆိုရင်တော့ Singular Verb သုံးရမလား (သို့)
    Plural Verb သုံးရမလားဆိုတာ Verb နဲ့ပိုပြီးနီးတဲ့
    Subject ကို ကြည့်ရပါမယ်။

❤ Either Mg Mg or his brothers go to school.
🔝 🔝
Plural Plural

✍ Verb နဲ့ ပို၍နီးသော Subj က his brothers ဖြစ်ပါ
တယ်။ brothers မှာ ” s ” ပါတဲ့အတွက် Plural ။
ဒါကြောင့် Plural verb သုံးပါတယ်။

❤ Either his brothers or Mg Mg goes to
school. 🔝 🔝
Singular Singular

✍ Verb နဲ့ ပို၍နီးသော Subj က Mg Mg ( Mg Mg
ဆိုတော့ Singular )။ ဒါကြောင့် Singular verb
သုံးရပါတယ်။

၉ တန်း၊ ၁၀ တန်း မှာသင်နေရတဲ့ Not only …. but
also / Either …… or / Neither ……… nor ဆိုတဲ့
Grammar တွေအတွက် အခု အယူအဆက အသုံး
ဝင်ပါလိမ့်မယ်။

💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎

❤ Subject-Verb Agreement အကြောင်း အပိုင်း ၂
ပိုင်းခွဲပြီး Post တင်ပါမယ်။အပိုင်း ၂ ကို ဆက်လက်
စောင့်မျှော် ဖတ်ရှုပေးကြပါအုန်း ဆရာ/မတို့ခင်ဗျာ။
ဆရာ/မအားလုံး သာယာရွှင်လန်း ချမ်းမြေ့ပါစေ။

#Saya Ar Kar

Leave a Reply

Your email address will not be published. Required fields are marked *